အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Monday 2 April 2012

ကမ္ဘာတ၀ှမ်းရှိ အများနဲ့မတူ တမူထူးသော ကုထုံးများ



နားအူခြင်းအားသက်သာစေရန် ရည်ရွယ်ပြီး ကုသပုံပေါ်ပါတယ် ။ နားထဲကို မတော် မီးကူးသွားမှဖြင့် မတွေး ၀ံ့စရာ ။

ကမ္ဘာတ၀ှမ်းမှ ထူးထူးခြားခြား ရောဂါ ကုသနည်းတွေကို ဆင်ဟွာ သတင်းဌာနကနေ စုစည်းတင် ဆက်ပေး လိုက်ပြန်ပါပြီ ။ ကဲ ကျွန်တော်တို့ ဆက်ပြီး လေ့လာကြည့်ရအောင်လား ။



ဒါကတော့ ခန္ဓာကိုယ်တွင်း အပူငြိမ်းဖို့ ရွှံ့ မံတဲ့ ကုသနည်းလို့သိရပါတယ် ။ ကင်ဆာရောဂါနဲ့တကွ ကိုယ်တွင်း ကလီ စာ ရောဂါတွေ သက်သာပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ် ။



နားနောက်အုံမှာ ပြည်တည်ယောင်ယမ်းခြင်းတွေကို စုပ်ယူဖို့ ဒီပျားငယ်လေးကို အသုံးပြုပါတယ် ။ ရိုးရာကု သနည်း တစ်ခုပါပဲ ။ နားထုံခြင်းနဲ့ နားလေးခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်တယ်လို့သိရပါတယ် ။



ဖန်ခွက်လုံးလေးထဲမှာလေဟာနယ်ဖြစ်အောင်လုပ်ပြီး သွေးလည်ပတ်မှု စနစ်ကို ပိုကောင်းအောင်လုပ်တဲ့ သဘော ပါ ပဲ ။ နာလိုက်မယ့်ဖြစ်ခြင်း ။



ဒါကလည်း ရွံ့ မံတဲ့ ကုသနည်းတစ်ခုပါပဲ ။



ဘာတွေ ကျွေးနေတာလဲတော့မသိပါဘူး ။ သတ္တ၀ါတစ်ကောင်ကောင်ဖြစ်ပုံရတယ် ။



အိုး ငါးသေးသေးလေး ကို အရှင်စားတာထင်ပါတယ် ။



ရိုးရာ အပ်စိုက်ကုသနည်းနဲ့ဆင်တူပါတယ် ။ မတူတာကတော့ အပ်စိုက်တာအပြင် အပူငွေ့ပါပေးတာပါ ။ အပ်က ပူနေတဲ့ သဘောပေါ့ ။



Cervical လည်ပင်းရိုးကို ကုသတဲ့နည်းတစ်ခုပါပဲ ။ အနောက်တိုင်း Jaw Lifting နဲ့ဆင်တူပါတယ် ။



ဒါကတော့ သဲမြေမြှုပ်ကုသနည်းပါ ။ ထူးထူးဆန်းဆန်းတွေပါပဲ ။ မြေကြီးဓါတ်နဲ့ ရောဂါကုသတဲ့အယူအဆတွေပါပဲ ။ ဆက် လက်ဖော်ပြပေးသွားပါဦးမယ် ။ ပုံတွေချည်းပဲ ဖော်ပြထားတာဖြစ်တဲ့ စာတွေက ကျွန်တော့် ထင်မြင်ယူ ဆချက်တွေ သက်သက်ပါ ။

သက်တန့်ချို

ဘာကြောင့် မိခင်တွေက သူတို့ရင်သွေးတွေကို နမ်းရသလဲ ?



သန္ဓေသားလောင်း ရင်သွေးငယ်တွေဟာ မိခင်ရဲ့ ရေမွှာရေတွေပြည့်နှက်နေတဲ့ ၀မ်းကြာတိုက်ထဲမှာ ကိုးလ လုံးလုံးနေ ထိုင်ခဲ့ရပါတယ် ။ ဒါကြောင့် သူတို့ရဲ့ ခန္ဓာကိုယ်ခုခံအားစနစ် Immune system ဟာ အပြည့်အစုံ ဖွံ့ဖြိုးခြင်းမရှိသေးပါဘူး ။

မီးဖွားပြီးလို့ မိခင်က ရင်သွေးကို ပထမဆုံး နမ်းရှံ့ လိုက်တဲ့အခါမှာ - - - မိခင်မှာ ကလေးငယ်ရဲ့ အရေပြား ကနေတဆင့် ( ညစ်ပေမှု - ရနံ့ - လိုအပ်ချက် ) စတာတွေရဲ့ နမူနာ sample ကိုရရှိသွားပါတယ် ။ အဲဒီအချိန် ကစလို့ မိခင်ရဲ့ ခန္ဓာကိုယ်တွင်းခုခံအားစနစ်မှာ ကလေးငယ်တွေအတွက် သင့်တော်တဲ့ ကလေးငယ်တွေ ကိုတိုက် မယ့်ရောဂါပိုးတွေကို တိုက်ထုတ်ပေးမယ့် ခုခံအားစနစ် Immune system ပေါ်ပေါက် လာရပါတယ် ။

နောက်တစ်ရက်မှာတော့ ရင်သွေးအတွက် လိုအပ်တဲ့ ၊ သင့်တော်တဲ့ ရင်သွေးငယ်ရဲ့ ခုခံအားစနစ်ကို ဖြည့် ဆည်းပေး မယ့် နို့ရည်ကို စတင်ပြီး မိခင်မေတ္တာနဲ့ ထုတ်လုပ်ပါတော့တယ် ။

မိခင်နို့ရည်ဆိုတာ အနမ်းတစ်ပွင့်ကနေစပြီး မိခင်ရဲ့ မေတ္တာတရားတွေနဲ့ပြည့်နှက်နေတဲ့ ကလေးငယ်အတွက် လုံခြုံစိတ် ချကာကွယ်ပေးတဲ့ ခန္ဓာကိုယ်ခုခံအားစနစ်တစ်ခုဖြစ်ပါတယ် ။

သက်တန့်ချို

ငါးဖမ်းသမားနှင့် သူဌေးကြီး



တစ်ခါတုန်းက ငါးဖမ်းသမားတစ်ဦးဟာ ပင်လယ်ကမ်းခြေတစ်ခုရဲ့ အရိပ်အာဝါသကောင်း တဲ့သစ်တစ် ပင်အောက် မှာ လှဲနေရင်း ဆေးလိပ်ဖွာလို့ နေတယ် ။ အဲဒီအချိန်မှာ သူ့အနားကို လုပ်ငန်းရှင်သူဌေးကြီး တစ် ဦးရောက် လာပြီး ဘာကြောင့်အလုပ်မလုပ်ပဲနဲ့ ဆေးလိပ်ထိုင်သောက်နေသလဲလို့မေးပါတယ် ။ အဲဒီတော့ ငါးဖမ်း သမားက ဒီနေ့အတွက် လုံလောက်တဲ့ငါးဖမ်းမိပြီဖြစ်တဲ့အတွက် အနားယူနေကြောင်း ပြန်ပြောတယ် ။

သူဌေးကြီးဟာ ငါးဖမ်းသမားအပေါ် အားမလိုအားမရဖြစ်ပြီး ဒေါသလည်းထွက်သွားခဲ့တယ် ။

“ ဘာကြောင့်နောက်ထပ်ငါးတွေမဖမ်းပဲနဲ့ အရိပ်ထဲမှာ သင့်အချိန်တွေကို ကုန်ဆုံးစေရတာလဲ ”
“ ကျွန်တော်ငါးတွေထပ်ဖမ်းပြီးဘာလုပ်ရမှာလဲခင်ဗျ ”
“ ဟ .. မင်းငါးတွေထပ်ဖမ်းပြီးထပ်ရောင်းမယ်ဆိုရင်ငွေတွေပိုရလာမယ်လေ အဲဒီအခါ မင်း ငါး ဖမ်းလှေကောင်းကောင်း တစ်စီးဝယ်နိုင်တာပေါ့ ”
“ ငါးဖမ်းလှေဝယ်ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဒီထက်ပို ဝေးတဲ့နေရာတွေသွားပြီး ဒီထက်ပိုကြီးတဲ့ငါတွေဖမ်းရမှာပေါ့ အဲဒီအခါငွေတွေဒီထက်ပိုရလာမှာပေါ့ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ငွေတွေထပ်ရလာတဲ့အ ခါ မင်း လှေတွေအများကြီးထပ်ဝယ်ရမှာပေါ့ ပြီးတော့ ငါးဖမ်းလုပ် သားတွေခေါ် ယူရမယ် ဒီထက်ငွေတွေပိုရလာအောင်ပေါ့ကွ ”
“ ပြီးတော့ ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ အဲဒီအခါ မင်းငါ့လို လုပ်ငန်းရှင်သူဌေးကြီးဖြစ်လာမှာပေါ့ ”
“ သူဌေးကြီးဖြစ်လာတော့ကျွန်တော်ဘာဆက်လုပ်ရမလဲ ”
“ ဟ .. အဲဒီအခါ မင်း ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်းပျော်ပျော်ရွှင်ရွှင်နဲ့အေးဆေးနေလို့ရပြီပေါ့ ”
“ အခုရော ... ကျွန်တော်ဘာလုပ်နေတယ်လို့ ထင်ပါသလဲ သူဌေးမင်းခင်ဗျား ”

###############################

ဘ၀မှာ ပျော်ရွှင်ဖို့ ငြိမ်းချမ်းဖို့အတွက် နက်ဖြန်ဆိုတဲ့ နောက်တစ်နေ့အထိ စောင့်စရာမလိုပါဘူး ။ ပျော်ရွှင်ချင် ယုံသက်သက်သာဆိုရင်တော့ သင် ချမ်းသာဖို့မလိုအပ်သလို စွမ်းအားကြီးဖို့လည်းမလိုအပ်ဘူး ။

ဘ၀ ဆို ယခု အချိန်လေးပဲလေ --- သင် အပြည့်အ၀ ပျော်ရွှင်နိုင်ပါတယ် ။

လူတချို့ကပြောတယ် “ ငါ့ရဲ့စည်းစိမ်ချမ်းသာတွေက ငါရဲ့ တကယ့်ပိုင်ဆိုင်မှုတွေမဟုတ်ဘူး ဒါပေမယ့် ငါ့လိုအင် ဆန္ဒတွေရဲ့ အနည်းငယ်မျှသာ ဖြစ်တယ် ” တဲ့ ။

ဘ၀ရဲ့ ပျော်ရွှင်မှုဆိုတာ သင်နဲ့အဝေးကြီးမှာ ရှိနေတာမဟုတ်ပါဘူး ။

“ သင့်ရဲ့ ယခုအချိန် လေးပါပဲ ”

သက်တန့်ချို

မျက်လုံးတစ်လုံးပဲရှိတဲ့ အမေ



အမေ့မှာ မျက်လုံးတစ်လုံပဲရှီတယ် ။ ကျွန်တော် အမေ့ကို မုန်းတယ် ကျွန်တော့်အတွက်တော့အမေဟာ ရှက်စရာ ပါ ပဲ အမေက ကျောင်းသားတွေနဲ့ ဆရာဆရာမတွေအဖို့ ထမင်းချက်ကျွေးရတဲ့ ထမင်းချက် တစ်ယောက်ပေါ့ အဲဒီဝင်ငွေနဲ့ပဲ မိသားစုကို အမေ ထောက်ပံ့ပေးထားတယ် ။

ကျောင်းတွေပိတ်ပြီးပထမဆုံကျောင်းပြန်ဖွင့်တဲ့ရက်တစ်ရက်မှာပေါ့ ။ အမေက ကျောင်းကို လာပြီး ကျွန်တော့်ကို သားလေး လို့ နှုတ်ဆက်တယ် ။ ကျွန်တော်ရှက်လိုက်တာ ဗျာ --- ။

ဘာလို့ အမေကျွန်တော့်ကို အဲဒီလိုဆက်ဆံရတာလဲ ။ ကျွန်တော်အမေ့ကို မေ့ထားချင်တယ် အမေ့ကို ကျွန်တော် မုန်းတီးစွာကြည့်ပြီးထွက်ပြေးခဲ့တယ် ။ နောက်ရက်ကျောင်းကိုရောက်တော့ သူငယ်ချင်းကပြောတယ် “ ဟီး မင်းအမေက မျက်လုံးတစ်ဖက်ပဲရှိတယ်နော် ”

ကျွန်တော်ကိုယ့်ကိုယ်ကို သတ်သေလိုက်ချင်တယ် ။ အဲဒီလိုပဲ အမေ့ကို လည်းလောက ကြီးထဲ ကနေ ပျောက် ကွယ်သွားစေချင်တယ် ။ တစ်နေ့ ကျွန်တော် အမေ့ရှေ့ရပ်ပြီးအမေ့ကိုပြောခဲ့တယ် ။

“ အမေကျွန်တော့်ကို ဒီလိုလူတွေရယ်စရာဖြစ်အောင်လုပ်နေရင် - - -အမေဘာလို့ မသေနိုင်သေးတာလဲ ”

အမေ က ကျွန်တော့်ကို ဘာမှမတုန့်ပြန်ခဲ့ဘူး ။ တစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော် ဘာပြောမိသလဲ ဆို တာမ သိတော့ သလို အဲဒီတစ်စက္ကန့်အတွင်းမှာပဲ ကျွန်တော့်အတွေးတွေကိုမရပ်တန့်နိုင်ခဲ့ဘူး ။ ဘာကြောင့် လည်း ဆိုတော့ ကျွန်တော့်မှာဒေါသတွေပြည့်နှက်နေခဲ့တယ် ။ အမေဘယ်လိုခံစားသွားရသလဲဆိုတာ ကျွန်တော် သတိမမူမိခဲ့ဘူး ။

ကျွန်တော်အိမ်ထဲကနေ အပြင်ထွက်ချင်ခဲ့တယ် အမေနဲ့လည်း ဆက်ပြောစရာဘာမှမရှိတော့ပါဘူး ။ ဒါကြောင့် နောက် ရက်တွေမှာ ကျွန်တော်စာကိုပြင်းထန်စွာကြိုးစားခဲ့ပြီး နိုင်ငံခြားမှာ ပညာတော် သင်သွား ရအောင် ကြိုးစားခဲ့တယ် ။

အဲဒီနောက် ကျွန်တော်အိမ်ထောင်ကျခဲ့တယ် ။ ကျွန်တော့်ဘာသာ အိမ်တစ်လုံးဝယ်ခဲ့တယ် ။ သားသ မီးတွေ လည်းရလာခဲ့တယ် ။ ကျွန်တော့် ဘ၀လေးမှာ သားတွေဇနီးတွေနဲ့ ကျွန်တော် ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာပေါ့ အမေက ကျွန်တော့်ဆီကို လာလည်ခဲ့တယ် ။ သူကျွန်တော့်ကို မတွေ့တာ သူ့မြေးတွေ ကိုမတွေ့ တာ နှစ်ပေါင်းများစွာကြာခဲ့ပြီပေါ့ ။

အမေ တံခါးရှေ့မှာ ရပ်နေတော့ ကျွန်တော့်ကလေးတွေက အမေ့ကိုကြည့်ပြီး အော်ရယ်နေခဲ့တယ် ။ ကျွန်တော် အမေ့ကို မဖိတ်ခေါ်ပဲ ဘာကြောင့် လာရသလဲဆိုပြီး အော်ဟစ်ကြိမ်းမောင်းလိုက်တယ် ။ ကျွန်တော် အမေ့ကို ကြည့်ပြီး “ ကျွန်တော့်အိမ်ကို ခင်ဗျား လာရဲသေးသလား ကလေးတွေကိုခြောက်လှန့်မလို့လား ထွက်သွား စမ်းပါ ဗျာ ” လို့ပြောလိုက်တယ် ။

အမေက တိတ်ဆိတ်စွာပဲ ပြန်ဖြေတယ် ။ “ အို . . သားရယ် အမေ အိမ်လိပ်စာမှားပြီးလာမိတာပါကွယ် ” အဲဒီ လိုပြောပြီးအမေပြန်ထွက်သွားခဲ့တယ် ။

တစ်နေ့မှာ ကျောင်းသားဟောင်း အဖွဲ့ကနေ ကျွန်တော့်အိမ်ကို စာတစ်စောင်ရောက်လာခဲ့တယ် ။ ဒါကြောင့် ကျွန်တော် အလုပ်ကိစ္စနဲ့ခရီးထွက်မယ်ဆိုပြီး ဇနီးသည်ကို လိမ်ခဲ့တယ် ။ ကျောင်းသားဟောင်းတွေ့ဆုံပွဲပြီးတဲ့အခါ ကျွန်တော် သိလိုစိတ်ပြင်းပြလာတဲ့အတွက် အရင်အိမ်အဟောင်းတဲသာသာလေးဆီကိုပြန်သွားခဲ့တယ် ။

အိမ်နီးနားချင်းတွေကပြောကြတယ် အမေဆုံးသွားပြီတဲ့ ။ ကျွန်တော်မျက်ရည်တစ်စက်မကျမိဘူး ။ သူတို့က အမေ ကျွန်တော့်ဆီပေးခဲ့တဲ့စာတစ်စောင်ကို ကျွန်တော့်လက်ထဲ ထိုးပေးခဲ့တယ် ။

“ ချစ်လှစွာသော သားလေး - - -

အမေသားကို အချိန်တိုင်း သတိရနေပါတယ်ကွယ် အမေ သားအိမ်ဆီလာပြီး သားကလေးတွေကို ခြောက်လှန့်သလိုဖြစ်သွားတာ တကယ်စိတ်မကောင်းပါဘူး ။

သား ကျောင်းသားဟောင်းတွေ့ဆုံပွဲကို လာတယ်ဆိုတာ သိရလို့ အမေ အရမ်းဝမ်းသာပါတယ် ။ ဒါပေမယ့် အမေအိမ်ရာထဲ လဲနေတဲ့အချိန်မို့ သားကိုလာမတွေ့နိုင်တော့ဘူးကွယ် ။ သား ကြီးပြင်းလာ တဲ့ကာလ တလျှောက် လုံးအမေကသားအတွက် အရှက်ရစရာတစ်ခုဖြစ်စေခဲ့တအတွက် အမေ အရမ်းဝမ်းနည်းရပါတယ် စိတ်လည်း မကောင်းဖြစ်မိပါတယ် ။

သားမှတ်မိသေးလား သားငယ်ငယ်တုန်းကပေါ့ သား ဟာ မတော်တဆမှုတစ်ခုဖြစ်ပြီး မျက်လုံး တစ်လုံးဆုံး ရှုံးခဲ့ရ တယ် ။ အမေတစ်ယောက်အနေနဲ့ မျက်လုံးတစ်လုံးထဲနဲ့သားကြီးပြင်းလာရမှာ အမေမကြည့်ရက်ဘူးသားရယ် ဒါကြောင့် အမေ့မျက်လုံးတစ်လုံးကို သားဆီကိုပေးခဲ့တယ် ။

သားဟာ ကမ္ဘာသစ်တစ်ခုကို အမေ့ကိုယ်စားမြင်ပေးနေတဲ့အတွက် အမေ အရမ်းကို ဂုဏ်ယူမိတယ်သား ဒီနေ ရာလေးမှာ အဲဒီမျက်လုံးတွေနဲ့ပေါ့ - - -။

သားကို အရမ်းချစ်တဲ့

အမေ

##################################

သက်တန့်ချို
March -29-2012

My mom only had one eye အားဘာသာပြန်သည်

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်







ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။ မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

From : Almost Hit A Billion