အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ
Blogger templates
လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......
Monday 28 May 2012
အန္တရယ်လွယ်မထားနိုင်တော့ လို့ .
အန္တရယ်လွယ်မထားနိုင်တော့ လို့ ...
လောကမှာကြိုက်မရှက်၊ ငိုက်မရှက်၊ ငတ်မရှက် လို့ ဆိုတဲ့ ဆိုရိုးစကားရှိသလိုပါပဲ အန္တရယ်
မလွယ်နိုင်တော့ လို့ အရှက်ကိုပင် မငဲ့ ကွက်နိုင်တော့ ပဲ မအောင့် ထားနိုင်တော့ တဲ့ ကိစ္စကို
အများမြင်ကွင်းမှာ ကြုံသလို ဖြေရှင်းခဲ့ကြရတာမျိုးလည်း ရှိပါတယ်...
အခုထိုကဲ့ သို့ အဖြစ်မျိုးကြုံခဲ့ ရသူတွေရဲ့ ရယ်ရအခက်၊ ငိုရအခက် ပုံများတင်ပြလိုက်ပါတယ်...
တစ်ချို့ ပုံများကတော့ မူးယစ်ဆေးဝါး၊ အရက်သေစာသောက်စားမူးယစ်ပြီး ဟီရိသြတပ္ပလို့ ဆို
ရမယ့် အရှက်အကြောက်တရားကင်းမဲ့ စွာပြုမူနေတာမျိုးလည်းဖြစ်နိုင်ပါတယ်...
ဆက်ပြီးမျိုသိပ်မထားနိုင်တော့ လို့ ထုတ်ဖော်ပါရစေ...
တရုတ်ပြည်မှာလည်းဒီလိုရှိတယ် အကို...
ကျန်းမာရေးကအရေးကြီးတယ်...သူလေးကတော့ ချစ်သူခင်ပွန်းကို စောင့် နေပေးပုံရတယ်...
လူလယ်ကာင်ဖြစ်လည်း ဂရုမစိုက်နိုင်၊ မရှက်နိုင်တော့ ပါဘူး....
ဘ၀နဲ့ ချီပြီးတော့ ကိုအရေးကြီးနေရပါပြီ...
သူတို့ လေးတွေလည်း မအောင့် နိုင်ရှာတော့ ဘူးထင်ပ...
ကုတ်အင်္ကျီနဲ့ စတိုင်ဘောင်းဘီနဲ့ အကျအန၀တ်ထားလည်းလူကြီးလူကောင်းမထင်လေနဲ့ ...
နံရံကိုအကာအကွယ်ယူပြီး ဖြေရှင်းရရှာ...
မင်းမှန်တယ်...လုပ်သာလုပ်လိုက်ပါ...
စရိုက်တူတဲ့ သူနဲ့ အတူပေါ့ ...
ခမျာ ....လမ်းတောင်မကူးနိုင်ရှာဘူး...လမ်းလေးခွအလယ်မှာတင် ဖြေရှင်းနေရရှာတယ်...
သောက်စားပျော်ပါးလို့ အိနြေ္ဒဆိုတာလည်းမသိတော့ ပြီ...
တောထိုင်မယ်ဆိုလည်း အရှေ့ နောက် ၀ဲယာ ကြည့် ပါလေ...
သူတို့ တိုင်းပြည်ကတော့ အဲဒီလို လမ်းဘေးမှာကိစ္စ၊၀ိစ္စရှင်းတာ နာမည်ကြီးပါတယ်...
သားသားလည်းမအောင့် နိုင်တော့ ပြီ....
ကားရေဆေး၊ ဆီဖြည့် သလိုလိုနဲ့ ...
အားကစားပွဲတော် နွှဲပျော်...
မေတ္တာရေ ဆွတ်ကာဖျန်းလိုက်မယ်...အေးမြစေသား...
 ကြီးမိုက်တစ်ယောက်ရဲ့ လုပ်ရပ်...
ပါကစ္စတန်က ရဲလည်း လစ်ယင်လစ်သလို...အားပေးတာပါပဲ....
Print Friendly and PDF | |ကိုပီတာဆီက ပါ  အားလုံးပျော်၇ွင်ပါစေ
အပန်းပြေပုံလေးတွေကြည့်မယ်
 အဲဒီနေရာတွေကိုနှိပ်ပေးယင် အဲဒီပြထားတဲ့ ကိုယ်အင်္ဂါအစိတ်အပိုင်းတွေ
ယိုယွင်းပျက်စီးနေတာတွေသက်သာပျောက်ကင်းပြီး အင်အားသစ်တွေ
ဖြစ်စေပါတယ်တဲ့ ...
 လိုက်ခဲ့ တော့ မြနန္ဒာ ကုလားအုတ်ရယ်...
၃၂ ကောဌာသ မြင်အောင်ကြည့် ယင် စွဲမက်တွယ်တာစရာမရှိတော့ ပါ...
အခုအထိမမြင်နိုင်သေးတာခက်တယ်...း)း)း)
သြော် ... မင်းတို့ အတွက်တော့ အမှတ်တရ...
ကိုယ့် အတွက်တော့ ဒုက္ခ...
သူ့ ကိုခေါ်ပြီး ကားရေဆေးခိုင်းမယ့် အစား...
သူလေးတွေကိုပဲခေါ်ပြီးဆေးခိုင်းတော့ မှာပေါ့ ...
သူတို့ ဆီလည်းတော်တော် လေပေးဖြောင့် နေကြပုံရတယ်...
အင်္ဂလိပ်စာများ လွယ်တယ်ထင်နေကြသလား...
ဒီကွက်လပ်ကလေးတွေ ဖြည့် ကြည့် ကြပါဦး...
သင့် ဇနီးနဲ့ သင့် အိမ်ကခွေးနဲ့ ကိုသာ ကားထဲမှာ တစ်နာရီလောက်ပိတ်ထားလိုက်ပါ...
ကားတံခါးဖွင့် ပေးတဲ့ အခါ ဘယ်သူက သင့် ကိုပျော်ရွှင်ကျေနပ်စွာ နှုတ်ဆက်မယ်လို့ ထင်
ပါသလဲ...
ဝိုင်းကြည့် နေတဲ့ လူတွေအားလုံး ဒီလိုပဲဖြစ်နေကြမှာပါ...
ဂျာမန်တွေဘီယာကြိုက်တာ ယုံပြီမဟုတ်လား...
သြော်....ငွေသာရမယ်ဆိုယင်....
ဆိုင်ကယ်က ဆိုင်ကယ်ကိုပြန်စီးတာ...
ပေးကားပေး၏ မရ ဆိုတာ ဒါမျိုးပေါ့ ...
ကျွမ်းကျင်မှုကတော့ လက်ဖျားခါလောက်ပါတယ်...
ဒီလို ဒီဇိုင်းနဲ့ မှတော့ ကြီးမိုက်လို့ သာခေါ်ရမှာပါပဲ...http://blog.kopeter.com/  ကိုပီတာဆီကပါ
စားကြဦးမလား ...ဂျပန်ပြည်ကဟင်းကောင်း တစ်ခွက်...
Japanese man, 22, cooks his own genitals and serves them up to paying guests at a dinner party
Sunday, May 27, 2012
Grim: Mao Sugiyama, 22, prepares to serve up his genitals as dinner for five paying guests at a party he organised in Tokyo, Japan
စားကြပါ...ကျွန်တော့ ကိုယ်ပိုင်ပစ္စည်းတွေကို ကိုယ်တိုင်ဖြတ်ပြီး ဖွယ်ဖွယ်ရာရာဖြစ်အောင်
ချက်ပြုတ်ပြင်ဆင်ထားပါတယ်... ( ထွီ...!!! ဝေါ့ ....!!! )
Grim: Mao Sugiyama, 22, prepares to serve up his genitals as dinner for five paying guests at a party he organised in Tokyo, Japan
အတွက် စားသုံးသူ ( တစ်ကယ့် ငကြောင်များပါပဲ....)တစ်ဦးလျှင် ပေါင်စတာလင် ၁၆၀ ( ဒေါ်လာ
 ၂၅၀ ) ခန့် ပေးရပါတယ်... 
ပါတယ်....
ညစာမစားခင် လာရောက်ကြတဲ့ စားသုံးသူများဟာ အကြိုအဖြစ်စန္ဒယားလက်သံကိုနားဆင်ခဲ့ 
ကြပြီး အစားအသောက်အဟာရဆိုင်ရာများကိုဆွေးနွေးခဲ့ ကြပါသေးတယ်လို့ ကယ်လိုရီဓါတ်ခွဲ
စမ်းသပ်ခန်း အင်တာနက်စာမျက်နှာက သတင်းပေးပို့ ဖော်ပြခဲ့ ပါတယ်...
အိတ်ခ်ျစီ လို့ နာမည်ပြောင်နဲ့ ခေါ်ကြတဲ့ မာအိုဟာ ပထမတော့ သူ့ ဟိုဒင်းကိုသူကိုယ်တိုင်ချက်
ပြုတ်စားသောက်ဖို့ စိတ်ကူးရခဲ့ ပြီးကာမှ တစ်ခြားသူများကို ချက်ကျွေးဖို့ ဆုံးဖြတ်ခဲ့ တာဖြစ်ပါ
တယ်...
သူ့ ကို စားတော်ကဲတစ်ဦးက အနီးကပ်ကြီးကြပ်ပေးလို့ သူဟာ ထိုမဖွယ်မရာအင်္ဂါအစိတ်အပိုင်း
ကို သူကိုယ်တိုင်ချက်ပြုတ်ခဲ့ တာလည်းဖြစ်ပါတယ်...
တည်းကိုပဲ ပေါင်စတာလင် ၈၀၀( ဒေါ်လာ ၁၂၅၀ ကျော် ) တောင်းဆိုခဲ့ သော်လည်း နောက်ပိုင်း
မှာတော့  ဧည့် သည် ၈ ယောက်ကို ခွဲဝေစားသုံးကာမျှဝေကျခံစေဖို့ ဆုံးဖြတ်ခဲ့ ပါတယ်...
" ကျွန်တော်ဟာ ဂျပန်လူမျိုးတစ်ဦးပါ...ကျွန်တော့်ရဲ့ ဟ၀ှာကိုဖြတ်ပြီးဟင်းအဖြစ်ချက်ပြုတ်တည်
ခင်းဧည့် ခံကျွေးမွေးမှာဖြစ်ပါတယ်...ပါဝင်တက်ရောက်လူသူဟာ ယန်း ၁သိန်း ( ပေါင် ၈၀၀ ) 
ပေးရမှာဖြစ်ပါတယ်..." လို့ သူက တွစ်တာမှာရေးသားဖေါ်ပြခဲ့ ပါတယ်....
တာဖြစ်ပြီး ကာလသားရောဂါပိုးတွေည်း ကင်းစင်ပါတယ်...အစိတ်အပိုင်းအားလုံးစံချိန်မှီဖြစ်ပါ
တယ်...မည်သည့် အမျိုးသမီးဟိုမုန်းဆေးမျှလည်း ကျွန်တော်မမှီဝဲခဲ့ ပါဘူး...
စိတ်ပါဝင်စားသူမည်သူမဆို ဦးရာလူစနစ်နဲ့ ရရှိမှာပါ...ဒါမှမဟုတ်ယင်တော့ လူအုပ်စုလိုက်မျှယူ
ချင်လည်းရပါတယ်...
ဝယ်ယူသူဆန္ဒအလိုက် ကြိုက်နှစ်သက်တဲ့ နေရာမှာဖွယ်ဖွယ်ရာရာချက်ပြုတ်ပြင်ဆင်ပေးမှာဖြစ်
ပါတယ်....စိတ်ပါဝင်စားသူများ၊ မေးမြန်လိုသူများ တိုက်ရိုက်စာဖြင့် ဖြစ်စေ
အီးမေးလ်ဖြင့် ဖြစ်စေဆက်သွယ်နိုင်ပါတယ်..." လို့ သူကဖေါ်ပြခဲ့ ပါတယ်....
ခန့် တက်ရောက်ခဲ့ တယ်လို့ ဆိုပါတယ်....
အထူးပုဂ္ဂိုလ် ၅ ဦးက ထိုအထူးရှယ်ဟင်းပွဲကို  (မရွံမရှာ) စားသုံးခဲ့ ကြပြီး ကျန်သည့် သူများများ
ကတော့ အမဲသား၊ မိကျောင်းသား ဟင်းလျာများအားစားသုံးခဲ့ ကြပါတယ်....
Unusual party: Mao Sugiyama, 22, garnished his penis with mushrooms and parsley before serving it up to guests in Tokyo (pictured)
ဒီရပ်ကွက်မှာ ဒီအထူး မှိုနဲ့ နံနံပင်အုပ်ချက်ထားတဲ့ "ဟိုလိုမှိုလို" စပါယ်ရှယ်ဟင်း
နဲ့ တည်ခင်းဧည့် ခံတဲ့ ပွဲလေးကျင်းပခဲ့ ပါတယ်...
Unusual party: Mao Sugiyama, 22, garnished his penis with mushrooms and parsley before serving it up to guests in Tokyo (pictured)
နှံတစ်စုံ၊ အသက် ၂၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး၊ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသား ၁ ဦး
နှင့် အသက် ၂၉ နှစ်အရွယ်ရှိ ထိုပွဲစီစဉ်ဆောင်ရွက်သူ ရှိဂျီနိုဘူ မတ်ဆုဇာဝါ တို့ ပဲဖြစ်ပါတယ်...
" ဒါဟာ တစ်သက်မှာတစ်ခါသာကြုံရမယ့် အခွင့် အလမ်းကောင်းပဲဖြစ်ပါတယ်...ဒါကြောင့် ဒီပွဲ
လေးလုပ်ဖို့ ကို တစ်ခဏအတွင်းချက်ခြင်းဆုံးဖြတ်ခဲ့ လိုက်တာဖြစ်ပါတယ်...." လို့ လည်း ပွဲမတိုင်
ခင် သူကတွစ်တာမှဖေါ်ပြခဲ့ ပါတယ်...
ပိုင်းမှာတော့ ကိုယ်ရေးကိုယ်တာဆိုင်ရာအတွက်ထည့် သွင်းစဉ်းစားပြီး ထိုပုံများကို ပြန်လည်
ဖယ်ရှားခဲ့ ပါတယ်...
စားသုံးသူများအနေဖြင့် အကယ်၍​စားပြီးမကျန်းမမာဖြစ်ခဲ့ လျှင် ၎င်းအနေဖြင့် တာဝန်မယူနိုင်
ကြောင်းကို လက်ခံသည့် သဘောတူညီချက်စာတန်းကိုလည်း လက်မှတ်ရေးထိုးစေခဲ့ ပါသေး
တယ်....
၎င်း၏လိင်အင်္ဂါအစိတ်အပိုင်းများကို အသက် ၂၂ နှစ်ပြည့် သည့် ဧပြီလအစောပိုင်းက ခွဲစိတ်
ဖြတ်တောက်ခဲ့ ခြင်းဖြစ်ပါတယ်...
ထိုညစာစားပွဲဖြစ်မြောက်အောင်စီစဉ်ဆောင်ရွက်သူက ၎င်းအနေနှင့် ထိုဟင်းလျာပွဲအမည်များ
ကို အင်တာနက်စာမျက်နှာတွင် တင်ထားမည်ဟု ဟာသနှောကာပြောကြားခဲ့ ပါသေးတယ်...
ထိုအထူးဟင်းလျာမှာ ရာဘာကဲ့ သို့ အရွတ်ဖြစ်ပြီး အရသာလည်းသိပ်မရှိလှပါဘူးဟု စားသုံးသူ
များကပြောကြားခဲ့ တယ်လို့ ဆိုပါတယ်...
ဆူဂီယာမာအရပ်မှ ရဲတပ်ဖွဲ့ ကိုတော့ အကြောင်းကြားဆက်သွယ်ခဲ့ ပေမယ့် ဥပဒေနှင့် ဆန့် ကျင်
သည့် အရာတစ်ခုမှ မလုပ်ခဲ့ တာမို့ ၎င်းတို့ အနေဖြင့် မည်သည့် စုံစမ်းစစ်ဆေးမှုမျှပြုလုပ်မည်မ
ဟုတ်ပါဘူးလို့ ဆိုပါတယ်...
ပါသေးတယ်...
အင်္ဂါ အတုလည်းတပ်ဆင်မှာမဟုတ်ပါဘူး...
သူ့ အရပ်နဲ့ သူ့ ဇတ်တော့ ဟုတ်နေတာပါပဲ...http://blog.kopeter.com/
Saturday 26 May 2012
ရွှေတွေချည်းပဲ မယုံမရှိနဲ့
Gold Plated AK-47
ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ Kalashnikov AK 47 နဲ့ SVD (AI Kadisha) တို့ဖြစ်ပါတယ်။ ဆက်ဒမ်ဟုစိန်က သူ့သားကို ပေးခဲ့တာလို့ သိရပါတယ်။ ဘက်ကဒက်နန်းတော်မှာ တွေ့ရှိနိုင်ပါတယ်။
Gold Plated Vibrator
ဘာရည်ရွယ်ချက်နဲ့ ထုတ်လုပ်ထားတယ်တော့ ဘယ်သူမှ မသိရပါဘူး။
Gold-plated Porsche
ဒီကားရဲ့ အဓိကအစိတ် အပိုင်းအားလုံးလိုလိုကို အထူးသဖြင့် steering , wheel, door knobs ,car body, alloy rims တွေ အားလုံးကို ရွှေအစစ်နဲ့ ပြုလုပ်ထားတာပါ။ ထိုင်ခုံ ၂ ခုသာလျှင် သားရည်နဲ့လုပ်ထား ပြီး အဲဒါကလည်းတန်ဖိုး ကြီးလွန်းလှ ပါတယ်။ ဒါဟာ ၂၂ ကာရက်လေးတဲ့ရွှေနဲ့ လုပ်ထားတာဖြစ်ပြီး Pforzheim မှာ မျက်မြင်တွေ့ရှိနိုင်ပါတယ်။ Porsche အမျိုးအစား ကား ၉စီးလုံးကို တစ်ပုံစံတည်း ပြုလုပ်ထားတာ ဖြစ်ပါတယ်။ တစ်ပြိုင်တည်း တစ်ချိန်တည်း နဲ့ ပြုပြင် မှုတွေ အားလုံးကိုလည်း တစ်ချိန်တည်း ဖန်တီးထားတာ ဖြစ်ပါတယ်။ ဒီကားတွေကို ဈေးမဖွင့်ရသေးသော်လည်း Petra Koehler ရဲ့တင်ပြချက်မှာတော့ စပ်စုလိုတဲ့လူအများစုဟာ ဒီလိုတန်ဖိုးကြီးမားတဲ့ကားရဲ့ ပိုင်ရှင်ဟာ ဘယ်သူဖြစ်မလဲလို့ စိတ်ဝင်စားနေကြပါတယ်။
Nikon Gold
2000 ခုနှစ်ပတ်ဝန်းကျင်လောက်က ထုတ်လုပ်ခဲ့တယ်လို့ ခန့်မှန်းရပါတယ်။ ဒီကင်မရာရဲ့ အစိတ်အပိုင်း ၂၀ ကို ရွှေ ၂၄ K နဲ့ပြုလုပ် ထားတာ ဖြစ်ပါတယ်။ သူ့ကိုကာထားတဲ့ အခွံကတော့ တစ်ကယ့်ကို အသုံးအ၀င် အဖိုးနည်းတဲ့ အနီရောင် skin တစ်ခုနဲ့ပါ။ အလွယ်တကူ ခြစ်ရာထင်နိုင်တဲ့ ဒီအရာကို အထူးထုတ်လုပ်ထားတဲ့Nikon gold cleaners နဲ့ ဖုံးအုပ်သန့်စင်ပေးပါတယ်။
LG gold plated 71PY10 71 inch plasma TV
Mercedes တွေပိုင်တဲ့ သူဌေးတွေက ရိုးရှင်းစွာဒီဇိုင်းထုတ်ထားတဲ့ ၂၄ ကာရက် ရွှေအစစ်နဲ့ပြုလုပ်ထားတဲ့ LG'S LH-C643 model ဖြစ်ပါတယ် ကမ္ဘာပေါ်မှာဈေးအကြီးဆုံး ဇိမ်ခံပစ္စည်းဖြစ်တယ်လို့ LG က ပြောဆိုထားပါတယ်။ 24 Karat Gold with Diamonds MacBook Pro ဒီ blingified Golden Macbook ကို Alex Wiley က ဒီဇိုင်းထုတ်ခဲ့တာ ဖြစ်ပါတယ်။ လေးသလား ပေါ့သလားလို့တော့ မေးနေစရာမလိုပါဘူး ။ အမျိုးအစား ၂ ခုရရှိနိုင်ပါတယ် ။ 24kt Gold ( Diamonds 15 Macbook pro ) နဲ့ 24kt Gold Macbook pro တို့ပဲဖြစ်ပါတယ် ။
စာရေးသူ...သက်တန့်ချို..
နားရွက်မပါသောကလေးငယ်
“ ကျွန်မကလေးကိုကြည့်လို့ရမလားဟင် ” ပျော်ရွှင်နေတဲ့ မိခင်ကမေးတယ် ။ ကလေးကို ပတ်ထားတဲ့အနှီး ထုပ်ကို သူမလက်ထဲ လွှဲပြောင်းယူလိုက်ပြီး ကလေးငယ်ရဲ့မျက်နှာကို ကြည့်ဖို့ အနှီးစကိုဖယ်လိုက်တယ် ။ “ အို ... ” သူမ ထိတ်လန့်အံ့သြသွားခဲ့တယ် ။ ဆရာဝန်က အနောက်ကို လှည့် လိုက်ပြီး ဆေးရုံပြ တင်းတံခါး ကို ငေးကြည့်နေခဲ့တယ် ။ကလေးငယ်လေးဟာ နားရွက်မပါပဲ မွေးဖွားလာခဲ့ရတယ် ။
အချိန်တွေက သက်သေပြလိုက်တာကတော့ ကလေးငယ်လေးဟာ အားလုံး ကို ကောင်းကောင်းကြားနိုင် စွမ်းရှိခဲ့တယ် ။ ရုပ်ဆိုးနေတဲ့တစ်ခုတည်းသောအရာကတော့ နားရွက်မပါ လာတာပါပဲ ။
တစ်နေ့မှာ သူကျောင်းက အိမ်ကိုပြန်လာတဲ့အခါ မိခင်က သားငယ်ကို ထွေးပွေ့ကြိုတယ် ။ ကောင်လေးက မိခင်လက်ကို တွန်းထုတ်ခဲ့တယ် ။ မိခင်ဖြစ်သူက သက်ပျင်းချလိုက်ပြီး သားငယ်ရဲ့ နှလုံးသားမှာ ဒါဏ်ရာဒါဏ်ချက်တွေရှိနေပြီဆိုတာ သိလိုက်ရတယ် ။
ကောင်လေးက ကံဆိုးမိုးမှောင်ကျနေသလို ရှေ့နောက်မစဉ်းစားပဲ ပြောလိုက်တယ် ။ “ လူထူးဆန်း လူထူးဆန်း ကျွန်တော့်ကို အကုန်လုံး ငကြောင်တစ်ကောင်လို သရဲတစ်ကောင်လို လူထူးဆန်းလိုလို ခေါ်ကြတယ် ”
------------------------------------------------------------------------
ကောင်လေးတဖြည်းဖြည်း အရွယ်ရောက်လာပါပြီ ။ ချို့ယွင်းချက်လေး တစ်ခုကလွဲ လို့ ယောင်္ကျား ပီပီသသ နဲ့ကြည့်ကောင်းတဲ့ လူတစ်ယောက်ဖြစ်ခဲ့တယ် ။ အတန်းထဲမှာ ကျောင်းသားခေါင်းဆောင်ဖြစ်နိုင်ပေမယ့် ချို့ယွင်းချက်ကြောင့်မဖြစ်ခဲ့ရဘူး ။ အရွယ်ရောက်လာ တဲ့ကောင်လေးဟာ ဂီတနဲံစာပေကို ၀ါသနာပါခဲ့တယ် ။ “ သား မင်းတခြားလူတွေနဲ့ ရောရောနောနှောနေရမယ်လေ ” လို့ မိခင်က သူ့ကို အားပေးစကားပြောတယ် ။ မိခင်ရဲ့ ရင်ထဲမှာတော့ သားငယ်အတွက် စိတ်မကောင်းခြင်းများစွာနဲ့ပေါ့ ။
ကောင်လေးရဲ့ဖခင်က မိသားစု ဆရာဝန်နဲ့တိုင်ပင်ခဲ့တယ် ။ “ ဆရာ - - ကျွန်တော်တို့ သားကို ဘာမှ မလုပ်ပေးနိုင်ဘူးလား ” “ ကျွန်တော်ယုံကြည်ပါတယ် ရနိုင်မယ်ဆိုရင် သူ့အတွက်အဆင်ပြေမယ်ဆိုရင် အပြင်နား တစ်စုံနဲ့အစားထိုးပေးနိုင်ပါတယ် ” ဆရာဝန်က ဆုံးဖြတ်ခဲ့တယ် ။
ဒီလိုနဲ့ကောင်လေးရဲ့ လစ်ဟာနေတဲ့ နားရွက်နေရာမှာ အစားထိုးဖို့ နားရွက်အဆုံးခံနိုင်တဲ့လူတစ်ဦးကို စတင်ရှာဖွေခဲ့ကြတယ် ။
နှစ်နှစ်ခန့်ကြာပြီးနောက် - - - -
“ သား မင်းဆေးရုံကိုသွားရမယ် အဖေနဲ့အမေက သားအတွက် နားရွက်လှူမယ့်လူတစ်ယောက် ရှာတွေ့ပြီ ဒါပေမယ့် ဒါဟာ လှို့ဝှက်ချက်ပဲ ” လို့ ဖခင်ကပြောတယ် ။
ခွဲစိတ်ကုသမှုက ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့တယ် ။ ပြီးတော့ ချောမောခန့်ညားတဲ့လူသစ်တစ်ယောက် ထွက်ပေါ် လာခဲ့တယ် ။ သူ့ရဲ့ပင်ကိုယ်စွမ်းရည်နဲ့ သူ့ရဲ့ပါရမီကြောင့် ကျောင်းမှာလည်း သူဟာ ကျော်ကြားအောင်မြင် လာခဲ့တယ် ။ နောက်ပိုင်းမှာ သူဟာ အိမ်ထောင်ကျပြီး သံတမန်အလုပ်ကို ရခဲ့တယ် ။
“ ဒါပေမယ့် ကျွန်တော်သိရမှဖြစ်မယ် ” ကောင်လေးက သူ့ဖခင်ကိုတောင်းဆိုခဲ့တယ် ။ “ ကျွန်တော့်အတွက် နားရွက်လှူခဲ့တာဘယ်သူလဲ ကျွန်တော် သူ့အတွက် ဘာမှပြန်မလုပ်ပေးရသေးဘူး ”
“ သားပြန်လုပ်ပေးနိုင်မယ်လို့ အဖေမထင်ဘူး ” သူ့ဖခင်ကပြောခဲ့တယ် ။ “ ဒါပေမယ့် အဖေတို့ကတိမှာ သားကို ပေးမသိရဘူးဆိုတာ ပါတယ် မဖြစ်နိုင်ပါဘူး မမေးပါနဲ့ ”
ဒီလိုနဲ့ နှစ်တွေများစွာကြာအောင် ဒါဟာ လှို့ဝှက်ချက်တစ်ခုအနေနဲ့ရှိနေခဲ့တယ် ။ ဒါပေမယ့် ရက်တစ်ရက်ကတော့ရောက်ရှိလာခဲ့ပါပြီ ။ မှောင်မိုက်တဲ့ရက်တွေအားလုံးကောင်လေးက ကြံကြံ့ခံခဲ့တယ် ။ ကောင်လေး ဟာ သူ့ဖခင်နဲ့အတူ သူ့မိခင်ရဲ့ ခေါင်းတလားရှေ့မှာ ရပ်နေခဲ့တယ် ။ ဖခင်က ဖြည်းဖြည်းချင်း ညင်ညင်သာသာလေး လက်ကိုမြှောက်ပြီး ထူထဲပြီးနီညိုရောင်သမ်းနေတဲ့ သူ့ဇနီးသည်ရဲ့ ဆံပင်တွေကို ဖယ်ပြလိုက်တဲ့အခါ ------ နားရွက်တွေ ရှိမနေပါဘူး ။
“ အမေကပြောတယ် သူ့ဆံပင်တွေ ဘယ်တော့မှ မညှပ်တော့ဘူးတဲ့ အဲဒါကို သူဝမ်းသာတယ်တဲ့ ” ကောင်လေး က ဆို့နင့်စွာပြောတယ် ။ “ ပြီးတော့ ဘယ်သူကမှ အမေ့အလှလျော့သွားတယ်လို့ မတွေးခဲ့ကြဘူး .... ” ကောင်လေး ပါးပြင်မှာ မျက်ရည်တွေစီးကျလာပြီး ခေါင်းငိုက်စိုက်ချ ငိုကြွေးခဲ့ပါတော့တယ် ။
@@@@@@@@@@@@@@@@@@@@@@@@@@@
စစ်မှန်တဲ့အလှတရားဆိုတာ ခန္ဓာကိုယ်အသွင်သဏ္ဍာန်ပေါ်မူတည်နေတာမဟုတ်ပါဘူး ။ နှလုံးသား ထဲမှာ တည်ရှိနေတာဖြစ်တယ် ။ ပကတိအသွင်သဏ္ဍာန်တွေက စစ်မှန်တဲ့ တန်ဖိုးဆိုတာကို မပေးနိုင် သလို မြင်လည်းမမြင်နိုင်ဘူး ။ စစ်မှန်တဲ့ချစ်ခြင်းမေတ္တာဟာလည်း အဖြူရောင်မုသားတွေ ရှိကောင်းရှိပေ မယ့် လေးနက်တဲ့ မေတ္တာ အေးချမ်းတဲ့မေတ္တာတရားဖြစ်တဲ့အတွက် ထာဝစဉ်လှပ တန်ဖိုးရှိနေမှာဖြစ်ပါတယ် ။
သက်တန့်ချို
The baby without ears အား ဘာသာပြန်သည် ။
Generation အပျောက်ခံတော့မှာလား မိအေးရယ်
Generation အပျောက်ခံတော့မှာလား မိအေးရယ်
မိအေး - - လူပုံက ပိန်ပိန်ပါးပါး အသားက ဖြူဖြူနဲ့ သူမဟာ တကယ့်ကို ရန်ကုန်သူကြီးဆိုပါတော့ ။ မိအေးအိမ်က စီးပွားရေး လည်းအရမ်းကြီးဆိုးဆိုးရွားရွားမဟုတ်ပါဘူး ။ ချောင်ချောင်လည်လည်နဲ့သားသမီးတွေကို ပညာ သင်ပေးနိုင် တဲ့အခြေအနေဆိုပါတော့ ။ မိအေးမှာ မိနှင်းဆိုတဲ့ ညီမလေးတစ်ယောက်ရှိတယ် ။ သူနဲ့လေးနှစ် ကွာ တာပေါ့ ။ မိအေးဆယ်တန်းအောင်ပြီးတော့ ထုံးစံအတိုင်း တခြားသူတွေ လို ယောင် ချာချာနဲ့ကွန်ပြူ တာသင် တန်းလိုလို စာရင်းကိုင်လိုလို နဲ့တစ်နှစ်လောက် တက်လိုက်တယ် ။ အဲဒီလိုနဲ့အချိန်တွေကြာ လာတာနဲ့ အမျှ မိအေးမှာ သူငယ်ချင်းတွေလည်းတဖြေးဖြေးများလာခဲ့တယ် ။ ၂၀၁၀ ခုနှစ်နောက်ပိုင်းမှာ မြန်မာနိုင်ငံမှာ အကြီး ဆုံးရော ဂါကြီးတစ်ခု စွဲကပ်နေတဲ့အချိန်နဲ့မိအေးကြုံခဲ့ရတယ် ။ အဲဒီရောဂါကြီး က မြင်ရတွေ့ ရတဲ့ရော ဂါတစ် ခုတော့မဟုတ်ပါဘူး ။ ဒါပေမယ့် လူငယ်တိုင်းလိုလို မိအေးတို့လို မြီးကောင်ပေါက်အရွယ်တွေမှာ ဒီရောဂါ က အသွေးအသားထဲအထိ တဖြည်းဖြည်းစိမ့်ဝင်လာခဲ့ရတယ် အဲဒီရောဂါကတော့ “ နိုင်ငံခြားမှာ သွားအလုပ် လုပ်ချင် တဲ့ရောဂါ ” တဲ့ ။
မိအေးစဉ်းစားရပြီ ။ သူ့မိသားစုအခြေအနေနဲ့ဆို မရှိရှိတာလေး စုတန်တာစု ရောင်းတန်တာရောင်းပြီး သူ့ကို နိုင်ငံခြားပို့ပေးနိုင်မယ့်အခြေအနေရှိတယ် ။ သူလည်းစာရင်းကိုင်လေးကွန်ပြူတာလည်းအတော်အတင့် တတ် ကျွမ်းနေပြီဆိုတော့ သူဘယ်ကိုသွားရမလဲဆိုတာစဉ်းစားတယ် ။ သူ့စိတ်ထဲ မှာသွားချင်တဲ့နိုင် ငံတစ်ခု ရှိတယ် ။ အဲဒါကတော့ ရေပတ်လည်ဝိုင်းနေတဲ့ စင်ကာပူဆိုတဲ့ ရေပေါ်မြို့တော်လေးတစ်ခုဆီကိုပေါ့ ။ အဲဒီမှာ မိအေးကြား ဖူးတာကတော့ အလုပ်အကိုင်တွေကောင်းတယ် ပညာရေးအခွင့်အလမ်းတွေများတယ် ပိုက် ဆံတွေအ များကြီးရတယ် ဒါဆို သူတို့မိသားစုချမ်းသာပြီပေါ့ ။ မိအေးအိပ်မက်တွေဟာ တကယ့်ကြယ်တွေ ထွန်းလင်းနေ တဲ့ကောင်းကင်ပြင်လိုပါပဲ ။ လင်းလိုက်နေလိုက်တာ ။
ဒီလိုနဲ့မိအေး သူ့သူငယ်ချင်းတွေဖြစ်တဲ့ သူဇာ နဲ့ မူယာတို့ နှစ်ယောက်နဲ့ သေသေချာချာ တိုင်ပင်ပါတော့တယ် ။ သူ့သူငယ်ချင်းနှစ်ယောက်ကလည်း စင်ကာပူ ထွက်ဖို့သဘောတူကြသတဲ့ ။ ဒီတော့ သူတို့ ၃ ယောက် ပါ့စပို့ကိစ္စ ၊ visa ကိစ္စတွေလုံးပန်းကြရတော့တာပေါ့ ။ သူတို့ရင်ထဲကအပျော်တွေကို သူတို့သာအသိဆုံးဖြစ်ကြပါလိမ့်မယ် ။ သူဇာကလည်း သူ့မောင်လေးအတွက် ဆေးကျောင်းစရိတ်ကာမိအောင် နိုင်ငံခြားထွက်အလုပ်လုပ်ဖို့ အရင်က တည်းကကြံစည်နေတဲ့သူဆိုတော့အကိုက်ပဲပေါ့ ။ မူယာကလည်း အောင်မြင်ချင်တယ်ကျော်ကြားချင်တယ် ဒီလို မြန်မာနိုင်ငံလို အစုတ်ပလုတ်သေးသေးလေးထဲ နေရရင် သူ့ အရှိန်အ၀ါတောင် ညှိုးမှိန်သေးတယ် ထင်နေ တဲ့သူဆိုတော့ အဲဒီမှာတင် သူတို့ ၃ ယောက် စင်ကာပူဆိုတဲ့မြို့တော်ကြီးထွက်ခွာနိုင်ဖို့အရေး အပြင်းအထန် ကြိုးစားကြပါတော့တယ် ။ ဒီလိုနဲ့ - - -ဒီလိုနဲ့ပဲ - - -။
(၆ လခန့်ကြာပြီးနောက် )
သူတို့ ၃ ယောက်ရဲ့ သူငယ်ချင်းဖြစ်သူ ဖြူပြာဆိုတဲ့ ကောင်မလေးတစ်ယောက် စင်ကာပူမှာ ရောက်နေတာ ၄ နှစ်လောက်ရှိပြီ မိအေးတို့ ၈ တန်းနှစ်လောက်ကတည်းကဆိုပါတော့ မိအေးထက်လည်း ၃ နှစ်လောက်ကြီးတယ် ။ အဲဒီဖြူပြာနဲ့ မိအေးတို့ ၃ ယောက်အဆက်အသွယ်ရသွားကြတယ် ။ သူတို့စိတ်ထဲ ၀မ်းသာနေ လိုက်ကြတာ ကျွန်တော်စာတောင်မဖွဲ့ပြတတ်တော့ဘူး ။ ဖြူပြာ မူယာ သူဇာ ဆိုပြီး နာမည်လေးတွေ ကလည်း ခပ်ဆင်ဆင် လူတွေကလည်းချောချောလေးတွေ ။ ဖြူပြာကပြောတယ် သူ့အိမ်မှာ အရင် လာနေပေါ့ ပြီးမှ အိမ်ခန်းရှာအလုပ်ရှာ အစရှိသဖြင့်ပေါ့ ။ ဒီလိုနဲ့ သူတို့ ၃ ယောက် စင်ကာပူ ကျွန်းနိုင်ငံကြီးကို ထွက်ခွာဖို့က အသင့်ဖြစ်နေခဲ့ပါပြီ သိပ်မကြာခင်ကာလအတွင်းမှာ သူတို့ စင်ကာပူသွား ဖို့ရက် က ရောက်ရှိလာပါတော့တယ် ။
မင်္ဂလာဒုံလေဆိပ် - - - အိမ်သားတွေတရုံးရုံးနဲ့ စင်ကာပူမြို့တော်ကြီးသွားမယ့် သူတို့ ၃ ယောက် ဟာ ဆွေ မျိုးတွေ အလယ်မှာ တကယ့်ကို စစ်တိုက်ထွက်မယ့် သူရဲကောင်းတွေ လိုလိုပေါ့ ။ အားလုံးမျက်နှာမှာ လည်း အပျော်တွေ တ၀င်းဝင်း လေယဉ်ပေါ်တက်ခါနီးတော့ မိဘတွေက မျက်ရည်လေးစမ်းစမ်း စမ်းစမ်းနဲ့နှုတ် ဆက်ရှာ တယ် ။ တခါမှ မစီးဖူးတဲ့ လေယဉ်ကြီးစီးပြီး သူတို့အိပ်မက်ထဲက ကျွန်းနိုင်ငံကြီးခမ်းနားတဲ့ မြို့ကြီး ဆီသွား ရတော့မှာဆိုတော့ရင်ထဲမှာ လှိုက်ကနဲ လှိုက်ကနဲ ဖြစ်ပြီးခြေဖျား လက်ဖျားတွေတောင်အေး စက်နေ ရှာတယ် ။ ဒီလိုနဲ့ မိဘတွေကို နှုတ်ဆက်လို့ သူတို့ ၃ ယောက် လေယဉ်ပေါ်တက်ခဲ့ကြတယ် ဆိုပါတော့ - - ။
(စင်ကာပူနိုင်ငံ )
အိုး - - ခမ်းနားလိုက်တာ လေဆိပ်ကြီးက တကယ့်ကို ရုပ်ရှင်တွေထဲကအတိုင်း သန့်ရှင်းသပ်ရပ်လို့ ။ မူယာ့စိတ်ထဲတော့ ဒီလို မြို့မျိုးမှ ငါနဲ့တန်တာ လို့ တွေးမိလိုက်တယ် ။ သူတို့ ၃ ယောက် လေယဉ်ပေါ်ကနေဆင်း ပစ္စည်းတွေရွေးနဲ့ ယောင်ချာချာဖြစ်နေတုန်း သူတို့သူငယ်ချင်း ဖြူပြာက လာပြီး ကြိုတဲ့အတွက် သူတို့ အတော်လေး အဆင်ပြေသွားကြတယ် ။ ဖြူပြာဘေးမှာ အသားဖြူဖြူ အရပ်မြင့်မြင့် နဲ့ နိုင်ငံခြားသား တရုတ်လိုလို ခပ်ဆင်ဆင် တစ်ယောက်ပါလာတာတွေ့ရတော့ သူတို့စိတ်ထဲ ဒါဖြူပြာနဲ့ပတ်သတ်နေ သူဖြစ်ရမယ်လို့ တွေးမိ လိုက်ကြသေးတယ် ။ ဒီလိုနဲ့ကားပေါ်မှာ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ရယ်မောပျော်ရွှင်လာခဲ့ကြတယ် ။ ဖြူပြာက မိတ်ဆက်ပေးတယ် ။ “ ဒါငါ့ အမျိုးသား Mr.Lee တဲ့ မိအေးရဲ့ မှတ်ထားကြနော် သူက ဒီက စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးပေါ့ ” အသိအမှတ်ပြု ခေါင်းတွေပြန်ညိတ်ပြကြပြီး ဖြူပြာ့ အိမ်ကို ဒီလိုနဲ့ရောက်သွားကြပါတော့တယ် ။ အိမ်လည်းရောက်ရော Mr.Lee နဲ့ဖြူပြာတို့ တိုးတိုးတိုးတိုးပြောပြီး Mr.lee က ကားနဲ့ အိမ်ကနေပြန်ထွက်သွားခဲ့တယ် ။ သူဇာကမေးလိုက်တယ် ။ “ ဟဲ့ ဖြူပြာ နင့်အမျိုးသားက အလုပ်ရှိ လို့လား အပြင်ပြန်ထွက်သွားတာ ငါတို့လာတာရောအဆင်ပြေရဲ့လား ဟာ ” “ အာပြေပါတယ် သူဇာရယ် ငါရှင်းပြပါ့မယ် နင်တို့နားလိုက်ပါဦးလာ ငါအခန်းလိုက်ပြမယ် ” “ ဟင် အိမ်ကလည်း နင်တို့ စုံတွဲပဲနေတာလား ဘယ်သူမှမရှိကြဘူးလား ဟ ” သူဇာ အဲဒီလိုမေးလိုက်တော့ ဖြူပြာ မျက်နှာတစ်ချက်ပျက်သွားတယ် ။ ချက်ချင်းပြန်ပြင် လိုက်ပြီး “ အခုတော့ ငါတစ်ယောက်တည်း ဒီတိုက်ခန်းမှာ နေတာဟ နင်တို့လာတော့ အဖော်ရ တာပေါ့ ငါ့အမျိုးသားက တစ်ပတ် တစ်ရက် နှစ်ရက်လောက်ပဲ လာအိပ်တာ ” “ဟင် နင့်ဟာက လည်း ဘယ်လိုကြီးတုန်း ” “ နင်တို့သိရမှာဟာ ကဲ နားလိုက်ကြပါဦး ငါအပြင်ခဏသွားဦးမယ် ပြန်လာခဲ့မယ်နော် ”
မိအေး သူဇာ မူယာ တို့ ဖြူပြာမှာ တစ်ခုခုတော့လျှို့ဝှက်ထားတာရှိရမယ်လို့တွေးမိလိုက်ကြတယ် ။ ဒီလိုနဲ့သူတို့လည်း ရေမိုးချိုးပြီး သူတို့ ၃ ယောက်အတွက်ပေးထားတဲ့အခန်းလေးထဲမှာ အနားယူနေလိုက်ကြတယ် ။ ခဏကြာတော့ ဖြူပြာတစ်ယောက်ပြန်ရောက်လာပါတော့တယ် ။ “ ကဲဘယ် လိုလဲ နေလို့ကောင်း ရဲ့လားစင် ကာပူက ” “ ကောင်းတာပေါ့ဟ ငါတော့အိပ်မက်ထဲရောက်နေရသလိုပါပဲ ငါတို့ အိမ်ခန်းလည်း ရှာရမယ် ပြီးရင် အလုပ်လည်းရှာရမယ်နော် ” “ စိတ်မပူပါနဲ့ဟာ ငါတစ်ယောက်လုံးရှိနေတာပဲ ” “ ကဲပါနေပါဦး ခုနက နင်ပြော တယ်လေ မစ်စတာလီက တစ်ပတ်၂ ရက်လောက်ပဲ ပြန်အိပ်တယ်ဆိုတာ ဘယ်လိုကြီးတုန်းဟ” မိအေးက မေးလိုက်တော့ သူဇာ မျက်နှာလည်း ညိုးသွားတယ် မျက်နှာလည်း သိသိသာသာပျက်သွားရှာတယ် ။ “ တကယ်- -တကယ်တော့ မစ်စတာလီမှာ မိန်းမရှိတယ် ဟ ” “ ဟင် ” အာမေဋိတ်သံတွေ တပြိုင်တည်းလိုလို ထွက်ပေါ်လာ တယ် ။ “ ဟုတ်တယ် မိအေး ငါ စင်ကာပူရောက်တာ ကြာလှပြီဆိုတာ နင်တို့သိမှာပါ ငါ မြန်မာနိုင်ငံ မပြန်ချင်တော့ဘူးဟာ ငါ စင်ကာပူနိုင်ငံသားဖြစ်ချင်တယ် မီးမလာရေမလာ နဲ့ စုတ်ပြတ်နေ တဲ့နိုင်ငံမှာ ငါလူဖြစ်ရတာ ကိုယ့်ကိုယ်ကိုယ်အတော်လေးအောက်ကျနောက်ကျနိုင်တယ်လို့ ငါထင်တယ် ငါ စင်ကာပူနိုင်ငံသားဖြစ်ဖို့ အတွက်အကောင်းဆုံးနည်းက Singaporean တစ်ယောက်ကို လက်ထပ်လိုက် ဖို့ပဲမဟုတ်လား မစ်စတာလီမှာ မိန်းမရှိတာငါသိပါတယ် သူက ငါနဲ့အလုပ်အတူတူပဲလေ ရာထူးအကြီးပိုင်း ထဲကပေါ့ ငါတို့ နှစ်ယောက် အလုပ်အတူတူလုပ်ရင်းငြိသွားကြတယ်ဆိုပါတော့ဟာ မစ်စတာ လီက ကလေး ၃ ယောက်ရှိတယ်ဟ သူ့မိန်းမကလည်း စင်ကာပူသူပါပဲ ငါအခု PR (Permanent Resident - တရားဝင်နိုင်ငံသားအဖြစ်နေထိုင်ခွင့် ) ရပြီလေ ဒါငါ့အိပ်မက်ပဲ ငါ မြန်မာမဟုတ်တော့ဘူး စင်ကာပူ သူကြီးဖြစ်နေပြီ ဟင်းဟင်း ဘယ်လောက်ဂုဏ်ယူစရာကောင်းသလဲ မစ်စတာလီကလည်းငါ့ကို အခုတိုက် ခန်းဝယ်ပေး ထားတယ်လေ လစဉ်သုံးဖို့လည်းပိုက်ဆံထောက်ပံ့တယ် ကဲ ဘယ်လောက်ကောင်းလဲ ” “ ဟင် သူ့မိန်းမ က မသိဘူးလား ” “ မသိအောင်နေတာပေါ့ဟ ” မိအေး က မသက်မသာ သက်ပြင်းချလိုက်ပေမယ့် မူယာနဲ့ သူဇာကတော့ သာမာန်ရိုးရိုးပုံပြင် တစ်ပုဒ်ကို နားထောင်နေရတဲ့အတိုင်း ဘာမှထူးခြားမှုမရှိသလိုပါပဲ ။ အဲဒီလိုနဲ့ - - - ။
သူတို့ ၃ ယောက်စလုံး ဖြူပြာရဲ့အကူအညီနဲ့ အိမ်ခန်းလေးတစ်ခု ကို စပ်တူငှားနေခွင့်ရသွားသလို အလုပ်လည်း အသီးသီးရသွားခဲ့ကြတယ် ။ မြန်မာပြည်မှာ မနက်မိုးလင်းထချင်တဲ့အချိန်ထလို့ရပေမယ့် စင်ကာ ပူမှာတော့ နှိုးစက် အ လန်းမြည်တာနဲ့ MRT ကို သုတ်ခြေတင်ဖို့အရေး ပြင်ဆင်ကြရပါတော့တယ် ။ မိုးလင်းမိုး ချုပ် သူတို့ မက်မောတဲ့မြို့ကြီးထဲ စက်ရုပ်တွေလို သူတို့အလုပ်ကြရတယ် ။ အချိန်အတော်လေးကြာလာတော့ အိမ်ကိုလည်း ငွေစနည်းနည်းပါးပါးပြန်ပို့နိုင်ပြီပေါ့ ။ စားသောက်စရိတ်နဲ့ အိမ်နေစရိတ်နဲ့ တကယ် တမ်းတော့လည်း သူတို့ထင်ထားသလောက်တွေးထားသလောက် ဘ၀တွေက တယ်ပြီးမခမ်းနားလှပါဘူး ။ တစ်ရက်တော့ မိအေးတစ်ယောက် အလုပ်ဆင်းပြီးပြန်လာတော့ ဖြူပြာ့အမျိုးသား မစ်စတာလီရယ် သူ့သူငယ်ချင်းယောင်္ကျားလေး တစ်ယောက်ရယ် မူယာရယ် ပျော်ရွင် စွာနဲ့လမ်းလျှောက်ပြန် လာကြတာတွေ့ လိုက်ရတယ် ။ မိအေးလည်းဝမ်းသာ အားရနဲ့သွားနှုတ်ဆက် တာပေါ့ ။ ဒါပေမယ့် မူယာက မိအေးကို သာမန်ကာလျှံကာလောက်ပဲ နှုတ်ဆက်ပြီးထွက်ခွာသွားတော့တယ် ။ မိအေးစိတ်ထဲ ဟာတာတာကြီးကျန်ခဲ့တယ် ။ ဘာကြောင့် မူယာ က စိမ်းသွားရတယ်ဆိုတာလည်း သူ့အနေနဲ့မစဉ်းစားတတ်အောင်ပါပဲ ။ ဒီလိုနဲ့ အလုပ်ပိတ်ရက်မှာ သူငယ်ချင်း ၃ ယောက်ဆုံဖို့ ချိန်းလိုက်ကြတယ် ။
“ မူယာ နင်ငါ့ကို ဘာလို့စိမ်းသွားတာလဲ ” “ မစိမ်းပါဘူး မိအေးရယ် ဒါက စင်ကာပူလေဟာ ငါတို့ စင်ကာပူ လိုတော့ကျငု့်ရမှာပေါ့ဟုတ်ဘူးလား ငါမစ်စတာလီသူငယ်ချင်းကို ကြွေနေပြီဟာ ဒါပေမယ့် သူ့မှာလည်း မစ်စတာလီလိုပဲ မိန်းမနဲ့ကလေး ၂ ယောက်ရှိတယ်ဟာ မတတ်နိုင်ဘူးဟာ ငါလည်း Singaporean ဖြစ်ချင်တယ် ” “ ဟင် နင်အဲဒီလို မလုပ်ရဘူးလေ မူယာ ငါတို့က မြန်မာတွေလေဟာ တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရ မယ်လေ နင် သူ့မိန်းမကို ကိုယ်ချင်းမစာဘူးလား ” “ တော်စမ်းပါ မိအေးရယ် နင်ဆရာမကြီးမလုပ်စမ်းပါနဲ့ လူဆိုတာကိုယ့်ဘ၀ကိုယ် အကောင်းဆုံးတည်ဆောက်ကြတာချည်းပဲလေ ငါလည်းငါ့ဘ၀ ငါ ရွေးချယ်ခဲ့ တာပဲ အော်ပြောရဦးမယ်နော် ငါနဲ့နောက်တစ်ခါလမ်းမှာတွေ့ရင်မြန်မာလိုမပြောပါနဲ့ ငါရှက်လို့ ” မူယာ ကပြောပြော ဆိုဆို စင်ကာပူသူတစ်ယောက်ပုံစံအပြည့်နဲ့ထထွက်သွားပါတော့တယ် ။ မိအေးနဲ့ သူဇာ နှစ်ယောက် ကတော့ တစ်စုံတစ်ခု ပျောက်ရှသွားသလို ရင်ထဲကျန်နေခဲ့တော့တယ် ။ အဲဒီလိုနဲ့ သူတို့ အထင်ကြီး သူ တို့ မက်မောခဲ့တဲ့ ကျွန်းမြို့တော်ကြီးဆီမှာ သူတို့ မနက်မိုးလင်းအလုပ်သွား ညနေအလုပ်ပြန် ညအိပ် စက်ရုပ်တွေတပိုင်းဖြစ်နေခဲ့ကြတယ် ။ တခါတခါတော့ စိတ်ထဲပျော်သလိုလို တခါတခါတော့လည်း ဘာမှန်းမ သိပဲ အမေ့ရဲ့ ငါးပိရေလေးနဲ့တို့စရာလေး ပဲပြုတ်ဆီဆမ်း မန်ကျည်းရွက်သုပ်လေးကိုလွမ်းသလိုလို မိအေးရင်ထဲ တမျိုးကြီးပါပဲလေ ။
အချိန်တွေကြာလာတာနဲ့အမျှ နှစ်လရာသီအလီလီပြောင်းလာခဲ့ပါပြီ။ စက်ရုပ်တပိုင်းဖြစ်နေတဲ့ သူတို့ တွေဘ၀ ကတော့မပြောင်းသေးပါဘူး ။ အခက်အခဲမျိုးစုံနဲ့ ဒါ နိုင်ငံခြားထွက်လုပ်ချင်တဲ့ရောဂါပါလားလို့ မိအေးကိုယ့်ကိုယ် ကိုတွေးမိလိုက်တယ် ။ ဒီနှစ်တွေကြားမှာ သူဇာလည်း လက်ထပ်လိုက်တယ် ။ အိမ်ကိုတောင် အင်တာနက်ကနေ ပဲ ဖုန်းပြောပြီးအကြောင်းကြားလိုက်ရတယ် ။ အကြောင်းပြချက်ကတော့ သူလည်း PR ရချင်လို့ပါတဲ့ ။ မိအေးစိတ်ထဲ သူ့သူငယ်ချင်းတွေကို အတော်ချဉ်နေပါပြီ ။ ဘယ့်နှယ့် တရားဝင် ရာသက်ပန်နေ ထိုင်ခွင့်ရချင်တာ နဲ့ပဲ စင်ကာပူအမျိုါ်သားတစ်ယောက် (မိန်းမရှိရက်ကြီးနဲ့တောင် ) ယူကြသတဲ့ အံ့ရောအံ့ရော ။ သူတို့မွေးလာမယ့်သား သမီးတွေကလည်းဘယ်တော့မှ မြန်မာပြန်မဖြစ်တော့ဘူး စင်ကာပူသားလေးတွေ စင်ကာပူ သမီးလေးတွေ ဖြစ်ကုန်ကြတော့မှာ ။ မိအေး မပျော်တော့ဘူးလို့ ကိုယ့်ကိုယ်ကို သတိထားမိလိုက်တယ် ။ အဲဒီအချိန်မှာပဲ မိအေးဘ၀ကို အပြောင်းလဲနဲ့စတင်ကြုံလိုက်၇ပါတောတ့ယ် ။
မစ်စတာ ဟောင် တဲ့ အရပ်မြင့်မြင့် အသားဖြူဖြူ သဘောကောင်းမဲ့ရုပ်နဲ့ သူ ကို မစ်စတာဟောင်က အရမ်းဂရု စိုက်တယ်လေ ။ အိုးချင်းထားအိုးချင်းညိဆိုသလို အနေနီးတော့လည်း မိအေးတစ်ယောက် တစ်ခါမှ မခုန်ဖူးတဲ့ရင်တွေ မီးရထားကြီးခုတ်မောင်းသလို တုန်ခါနေရပြီပေါ့ ။ မိအေးစဉ်းစားထားတာရှိတယ် ။ သူ့သူငယ် ချင်း တွေလိုတော့မိန်းမရှိတဲ့သူကို ယူတဲ့သူမဖြစ်စေရဘူးပေါ့လေ မစ်စတာဟောင်ကို သူစုံစမ်းရမယ် ။ သူ့ဘ၀မှာ သူငယ်ချင်းတွေကြောင့်တစ်ခါနာပြီြး့ပီမဟုတ်ပါလား ။ ဒီလိုနဲ့ မစ်စတာဟောင်က မိအေးကို ချစ်ရေးဆိုလိုက်ပါပြီ ။ ကဲ မိအေး ညည်း ဘာဆက်လုပ်မလဲ စဉ်းစား- - စဉ်းစား ။ မိအေး တစ်ယောက် အသည်းအ သန်စဉ်းစားနေရပါတော့တယ် ။
မစ်စတာဟောင်ရဲ့အိမ်ကို သွားပြီး စုံစမ်းဖို့ မိအေးဆုံးဖြတ်လိုက်တယ် ။ ဟုတ်တယ် သူ့ဘ၀မှာ နှစ် ခါအနာမ ခံနိုင်ဘူးလေ ။ အကယ်၍ မစ်စတာဟောင်က လူပျိုလူလွတ် ဆိုရင်တောင် သူတို့ညားကြပြီး သားသမီးမွေးရင် မြန်မာပဲဖြစ်ရမယ် မြန်မာပြည်မှာပဲနေရမယ်လို့ သူ စဉ်းစားထားပြီးသား ။ ဒါတောင် Singaporean တစ်ယောက်ကို ယူမိလို့ သူ့ဘ၀မှာ ဘယ်လောက်အထိ ဘယ်အချိန်ထိ လိပ်ပြာမသန့် ပဲနေရမလဲမသိ အို- - ဒါတွေထားပါလေ အချစ်က အဓိကပဲမဟုတ်လား လူမျိုးမတူတာနဲ့ပဲ မယူရတော့ဘူး လား မိအေးလည်းဒီလောက်တော့ခေတ်မှီပါတယ် ။ ဒီလိုနဲ့ မိအေး မစ်စတာဟောင် အိမ်ကိုရောက်သွားခဲ့ပါပြီ ။ အိမ်ခြံဝမှာ အသားဖြူဖြူ ခပ်၀၀ အမျိုးသမီးတစ်ဦးက ဆင်းလာပြီးကြိုတယ် ။ “ မစ်စတာဟောင်အလုပ်သွားပါတယ်ရှင် ဘာပြောပေးရမလဲ အိမ်ထဲဝင်ထိုင်ပါဦးရှင်ကျွန်မသူ့အမျိုးသမီးပါ သမီးရေ ဧည့်သည့်အ တွက်နေရာပေးပါဦး ” “ ဟိုဟို မထိုင်တော့ပါဘူးရှင် အလုပ်ကိစ္စလေး လာမေးတာ ပါ ပြန်လိုက်ပါဦးမယ် ကျေးဇူးပါရှင့် ” မိအေး ယဉ်ယဉ်ကျေးကျေးပြောပြီး ပြန်လှည့်ထွက်လာခဲ့တယ် ။
#########################
အပြန်လမ်းမှာ မိအေး Genenration ဆိုတဲ့ဝေါဟာရကို စဉ်းစားလာမိတယ် ။ Generation ဆိုတာဘာလဲ မျိုးဆက် ပေါ့ မျိုးရိုးကို စောင့်ထိမ်းတဲ့မျိုးဆက် ။ မိအေးဆိုတဲ့သူမက မြန်မာလေ မြန်မာမျိုးဆက်ကို မပျောက်ရအောင် ထိမ်းသိမ်းရမှာ မိအေးတာဝန် မိအေးတို့လို အမျိုးသမီးတွေတာဝန်ပဲမဟုတ်လား ။ မစ်စတာဟောင်ကို သူ စိတ်လှုပ်ရှားမိတယ် ရင်ခုန်မိတယ်ဆိုတာ မိအေးဝန်ခံပါတယ် ။ ဒါပေမယ့် မိန်းမရှိပြီးသား Singaporean တစ်ယောက်ကို ယူမှ PR ရမယ့် အဖြစ်ကြီးလား ဟင့်အင်း အကယ်၍ သူချစ်စိတ်နဲ့ ဇွတ်လက်ခံလိုက်ရင် သူ့သားသမီးလေးတွေ က မြန်မာမဟုတ်တော့ဘူး စင်ကာပူကလေးတွေဖြစ်ကုန်မှာပေါ့ မိအေးရင်ထဲ ကျဉ်ကနဲ ဆက်ကနဲ နာနေတယ် ။ မိအေး မငိုပါဘူး မျက်ရည်လည်းမကျတော့ဘူး ။ ဒီလောက်တော့ စိတ်ဓါတ်က မာတယ်လေ သူ့ကိုယ်သူလည်း ပထမဆုံးအကြိမ်အဖြစ် မုန်းတီးမိသွားတယ် ။ မစ်စတာဟောင်ကို ရုတ်တရက် လမ်းမှာ မိအေးဆုံလိုက်ရတယ် ။ မစ်စတာဟောင်ကလည်း အံ့သြနေတဲ့ပုံပါပဲ ။ သူ့ကိုတွေ့တော့ ၀မ်းသာအားရပြေးလာတယ် ။ အနားရောက်တော့မိအေး လက်တစ်ဖက်မြောက်တက်သွားတယ် ။ မစ်စတာဟောင် ရဲ့ပါးကို မိမိရရ ရိုက်ချလိုက်တာပါပဲ “ ဟင် မင်းမင်း ဒါဘာလုပ်တာလဲ ” “ အဟက် ဘာလုပ်တာလဲ ဟုတ်လား ရှင်ကျွန်မကို လိမ်တဲ့အတွက် ပေါ့ ရှင့်မှာမိန်းမရှိရဲ့သားနဲ့ များကျွန်မကို ချစ်ရေးဆိုတဲ့အ တွက်ပေါ့ ” “ ဟဟဟဟ ဘာများလဲလို့ကွာ မိန်းမရှိတာဘာဖြစ်တုန်းကွ မင်းတို့မြန်မာ အမျိုးသမီးတွေ ဒီမှာ ရာသက်ပန်နေချင်ရင်ငါတို့စင်ကာပူသားတွေကို လက်ထပ်ယူ ငါတို့က မင်းတို့နေဖို့စား ဖို့ပေးမယ် ဒါဆန်းသလားကွာ မင်းသူငယ်ချင်းတွေလည်း ဒီလိုချည်းပဲဟာကို သိပ်မတွေးစမ်းပါနဲ့ မင်းလည်း ဒီပုတ်ထဲက ဒီပဲပါပဲ ” စကားမဆုံးခင် မိအေးမျက်လုံးထဲ ပြာထွက်သွားတယ် ပြီးတော့ မိအေး ဘာလုပ်လိုက်မိ တယ် မသိတော့ဘူး သူသတိပြန်ရလာတဲ့အချိန် မစ်စတာဟောင်တစ်ယောက်ခွေခွေကလေး လဲကျနေပါပြီ ။ “ အဲဒါမှတ်ထား မြန်မာအမျိုးသမီးတစ်ယောက်ကို ရှင်တို့ ဘယ်တော့မှ စော်ကားလို့မရဘူးဆိုတာ သက်သေပြလိုက်တာပဲ နောက်တစ်ခါဆို ရှင့်ကို အသေသတ်မယ် ” ပြောပြီး မိအေး လှည့်ထွက်လာတယ် ။ သူ ဒူးခေါင်းနဲ့မစ်စတာဟောင် ရဲ့ ချက်အောက်ပိုင်းကို ၀င်တိုက်ပစ်လိုက်တယ် ဘာဖြစ်သွားသ လဲတော့မ သိတော့ဘူး တော်တော်ပြင်းတယ်လို့တော့ မှတ်မိလိုက်တယ် ။ ခံပလေ့စေ ဒါမှ ဒင်းတို့မှတ် မှာမဟုတ်လား ။
အိမ်ပြန်ရောက်တော့ မိအေး အားလုံးကို ရှင်းရှင်းလင်းလင်းသိလိုက်ပါပြီ သူဘာလုပ်ရမလဲဆိုတာကိုပေါ့ သူ့အိမ်မက် ထဲမှာလည်း “ Generation အပျောက်ခံတော့မှာလား မိအေးရယ် ” လို့ လူတစ်ယောက်က လာလာမေးနေသလိုပါပဲ ။ သူ ခေါင်းအတင်းခါတယ် ဒါပေမယ့်ချွေးစေးတွေနဲ့ သူ လှုပ်မရဘူး ။ အိပ်မက်က လန့်နိုးလာတဲ့အခါမိအေး စာတစ်စောင် ထိုင်ရိုက်နေခဲ့ပါတယ် ။
“ အလုပ်ထွက်စာ ” တဲ့ ။
အိမ်ပြန်ရောက်လျှင် generation အကြောင်း ပြောရမည်
သူ့သူငယ်ချင်းတွေကို စင်ကာပူအကြောင်းပြောရမည်
PR ရချင်၍ အိမ်ထောင်ရှိယောင်္ကျားတွေကို လက်ထပ်ယူသော မျိုးမစစ်တွေအကြောင်းပြောရမည်
လမ်းမှာတွေ့လျှင် မြန်မာလို့အထင်ခံရမှာစိုးလို့ မြန်မာစကားမပြောသော မျိုးမစစ်တွေအကြောင်း ပြောရမည်
မစ်စတာဟောင်လို ကာမမုဆိုးတွေအကြောင်းလူတွေသိအောင်ပြောရမည်
မိအေး ပြောစရာတွေအများကြီးပါပဲ ။ မိအေး ရင်ထဲ ဖြူဝင်းပြာသန့်လို့နေတယ် ကြည်နူးနေတယ် သူချစ် တဲ့ မြန်မာပြည် အမေ့ကိုပြန်တွေ့ရတော့မည် ။ သူ့ generation လေးတွေ မြန်မာစစ်စစ်ပဲဖြစ်ရမည် ။ မိအေးသည် မြန်မာ အမျိုးသမီးလေးတစ်ယောက်ပဲဖြစ်ရလိမ့်မည် ။
(အခုရေးတဲ့ဆောင်းပါးလေးထဲက မိအေး ၊ သူဇာ ၊ မူယာ ၊ ဖြူပြာ ဆိုတာ နာမ်စားတွေဖြစ်ပါတယ် ။ အမည်နာ မည်သက်သက် ဖြစ်တာကြောင့် ဘယ်သူဘယ်ဝါဆိုတာ မရှိပါဘူး တိုက်ဆိုင်ကြသူတိုင်း နာတတ်ဖို့ ရည်ရွယ်ပါတယ် ။ )
သက်တန့်ချို
April 24-2012
12;25 Noon
ဒီဇတ်လမ်းလေးကို အောက်ပါ ပေးစာလေးကြောင့်ရေးဖြစ်ခဲ့တယ်လို့ ၀န်ခံပါတယ် ။
Hi Brother,
I am one of your subscribers who admire you.I would like to advice and propose that if you feel free, to write for myanmar girls who working at overseas to keep and protect myanmar generation.Because brother you know, I heard and seen some of the myanmar girls in singapore (not all girls) married to singaporean for their so many reasons.One of the myanmar girls who working with my fri at same company married to singaporean who have wife and childrens to improve her life.Now this singaporean bought the house for her and provide so many things and she said to us that she is so happy. I see for his wife behalf of her , how his wife feel and I can understand for his wife also.But why can she stay happy?She is know only for her life and she don't scared to destroy the others people family.And also if she born the baby, the baby also not myanmar generation and also become singaporeans. Another myanmar girl who is the friend of my roomate sister also married to singaporean for same reason.I understand that all of the people wanna improve their life easily and smoothly but they have so many ways to do it.Not only have this one way to marry foreigners and to marry the married men to destroy the others' family.If they make this way, really they can happy forever?They can marry myanmar men and they can marry single men.In my concern is myanmar girls or myanmar men whoever need to keep our myanmar generations and need to keep their standard. Thanks a lot for to read my letter .I can't and don't understand how to write and how to give the knowledge to myanmar people to keep our generation.So i remember to brother because I know that brother gave alot of knowledge to people about all of the things. If brother feel free,may I request to write about this for all of myanmar girls or myanmar men whoever wanna marry to foreigners and married men.
Best Regards with  သက်တန့်ချို
အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်
အိပ်မက်မက်ခြင်းနဲ့ ပတ်သတ်လို့ ဗဟုသုတရစရာ ဆယ်ချက်ကို ဖော်ပြပေးလိုက်ပါတယ် ။
၁ ။ လေ့လာစမ်းသပ်မှု Result တွေအရ အသက်ငါးနှစ်အောက်အရွယ် (Preschool children ) တွေမှာ အိပ်မက်မက်လေ့မရှိပါဘူး ။ အိပ်မက်မက်တဲ့အခါ အဓိကအရေးပါတဲ့ ဦးခေါင်းထိပ်မှာရှိတဲ့ Parietal lobe ဦးနှောက် ရဲ့အစိတ်အပိုင်းဟာ ငါးနှစ်ကျော်မှ ဖွံ့ဖြိုးတာဖြစ်တယ်လို့ ပညာရှင် Dr.Roberstsan က ဖော်ပြခဲ့ ပါတယ် ။
၂ ။ အိပ်နေစဉ် မျက်ခွံလှုပ်ရှားနေတဲ့အချိန်ကို (REM Sleep ) လို့ခေါ်ပြီး မျက်ခွံလှုပ်ရှားမှုမရှိတဲ့အချိန် ကို (Non-REM Sleep ) လို့ခေါ်ပါတယ် ။ ညတစ်ညမှာ မျက်ခွံ့လှုပ်ရှားတဲ့အချိန်ဟာ ၄-၅ ခါလောက်ဖြစ်တတ်ပြီး တစ်ကြိမ် ကို ၄၅ မိနစ်လောက်ကြာမြင့်ပါတယ် ။ အိပ်မက်ဟာ မျက်ခွံ့လှုပ်ရှားနေတဲ့အချိန်မှာ မက်လေ့ရှိတာမို့ ၄-၅ ခါ မက်နိုင်ပါတယ် ။ နေ့တိုင်းလည်းအကြောင်းအရာ တူချင်မှ တူပါလိမ့်မယ် ။
၃ ။ အိပ်မက်မမက်နိုင်တဲ့သူတွေကတော့ - ငါးနှစ်မတိုင်မီ မျက်စိကွယ်သောသူများ ၊ ဦးနှောက်ရဲ့ အိပ်မက်မက်တဲ့နေရာဖြစ်တဲ့ ခေါင်းထိပ် ( Parietal lobe ) ကို ထိခိုက်ဒါဏ်ရာရသူတွေဖြစ်ပါတယ် ။
၎ ။ အိပ်မက်မက်ဖို့အတွက် မျက်စိ နှစ်လုံးထဲက တစ်လုံးတော့အနည်းဆုံးကောင်းဖို့လိုပါတယ် ။ ငါးနှစ်မပြည့် ခင်မှာ Visual Imagery လို့ခေါ်တဲ့ ပုံရိပ်ကိုဖမ်းပြီး ဦးနှောက်ရဲ့ Parietal lobe အပြင်ဖက် အကာသား Myelination ပြည့်စုံအောင်မဖွံ့ဖြိုးသေးလို့ အိပ်မက်မက်လို့မရသေးပါဘူး ။ ၇ နှစ်ကျော် မှဖွံ့ဖြိုးလာပြီး မျက်စိ လည်းမြင်ပါမှ ဦးနှောက်ကိုသတင်းပို့ပြီး အိပ်မက်အဖြစ်မက်နိုင်တာဖြစ်ပါတယ် ။ ၅ နှစ်မတိုင် ခင်မျက်စိ ကွယ်ခဲ့ ရင်တော့ ဦးနှောက်က ဖွံ့ဖြိုးလာတဲ့တိုင်အောင် အမြင်အာရုံမရှိတဲ့အတွက် အိပ်မက်မက်နိုင်ခြင်းမရှိပါဘူး ။ လေ့လာ တင်ပြသူကတော့ Hurovitz ဖြစ်ပြီး ၁၉၉၉ မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ် ။
၅ ။ အသက် ၇ နှစ် ၈ နှစ်အရွယ်အထိဟာ Blind Image လို့ခေါ်တဲ့ကျားကြီးတွေ ဆင်ကြီးတွေ လိုမျိုးတွေ သာမက်လေ့ ရှိတယ် ။ ၉ နှစ် ၁၀ နှစ်လောက်မှစပြီး အစီစဉ်တကျဖြစ်တဲ့အိပ်မျက်မျိုး (Sequence of Event ) တွေစ မက်ပါတယ် ။ ၁၁ နှစ်ကနေ ၁၃ နှစ်အထိလူကြီးဘ၀မှာ မက်တဲ့အိပ်မက်မျိုးမက်လေ့ရှိတာတွေ့ရတယ် ။ လူလတ်ပိုင်းအရွယ်မှာတော့ ထိတ်လန့်စရာ ၊ ကြောက်လန့်စရာတွေ (Negative emotion ) တွေမက်လေ့ရှိပြီး လူကြီးပိုင်းရောက်လာတာနဲ့အမျှ ဒီလို အိပ်မက်မျိုးတွေလျော့နည်းသွားပြီး (Positive emotion ) တွေ မက်လေ့ ရှိတာများပါတယ် ။
၆ ။ တချို့ဟာ ညဖက်မက်တဲ့အိပ်မက်ကို အသေးစိတ်ပြန်ပြောနိုင်တဲ့သူရှိသလို ဘာမှပြန်မ မှတ်မိတဲ့ သူတွေ လည်းရှိပါတယ် တချို့ကတော့အိပ်ရာနိုးခါစ မှတ်မိတတ်ကြပေမယ့် ၂ ရက် ၃ ရက်ကြာရင်မေ့သွားတာမျိုးလည်း ရှိပါတယ် ။ တကယ်တော့ တွေ့ကြုံဖြတ်သန်းခဲ့ရတာမဟုတ်တဲ့အတွက် အိပ်ရာနိုးနိုးချင်းရေးမှတ်ထားရင်တော့ အိပ်မက် မှတ်တမ်းရေးလို့ရနိုင်ပါတယ် ။
၇ ။ အချို့သောဆေးဝါးတွေဟာ အိပ်မက်ကောင်းကောင်းမက်အောင်စွမ်းဆောင်နိုင်သလို တချို့ကျတော့လည်း ကယောင်ချောက်ချားဖြစ်အောင်လုပ်တာတွေရှိပါတယ် ။ ဥပမာ အတက်ရောဂါ Epilepsy မှာအသုံးပြုတဲ့ အတက်ကျဆေးတွေဟာ အိပ်မက်ဆိုးမမက်အောင် ဟန့်တားပေးပါတယ် ။ အသက်ကြီးရင်ဖြစ်တတ်တဲ့ ပါကင် ဆန်ရောဂါ (Parkinson's disease ) မှာ အသုံးပြုတဲ့ L-levodopa ဆိုရင်လည်းအိပ်မက်ကောင်းမက်ဖို့ အထောက် အကူပေးပါတယ် ။ အချို့ဆေးတွေကတော့ သောက်နေတုန်းဘာမှမဖြစ်ပဲ ဘာပြဿနာ မှမရှိ ပဲ ဆေးရပ်လိုက်တော့မှ အိပ်မက်ထဲမှာ ကယောင်ချောက်ချား ( Nightmares ) ဖြစ်တာတွေရှိပါတယ် ။ ဆေး ၀ါးတွေ သာမကပဲ မူးယစ်ဆေးဝါး အရက်စတာတွေကလည်း အိပ်မက်အပေါ်သက်ရောက်မှုရှိပါတယ် ။
၈ ။ အိပ်မက်ဆိုတာ မက်သူရဲ့ခံစားချက် ၊ စိတ်နေသဘောထား ၊ ကျန်းမာရေး ၊ ရည်ရွယ်ချက်စတာတွေနဲ့ ဆက်နွယ်နေလေ့ရှိတယ် ။ အပြင်မှာ ဖြစ်ချင်တဲ့အကြောင်းအရာတွေနဲ့ အိပ်မက်တွေကို ဆက်စပ်လေ့ လာကြည့်ရင် ဆက်စပ်မှု သိပ်မရှိတာတွေ့ရတယ် ။ အိပ်မက်ထဲက အကြောင်းအ ရာကို နှစ် သက် လို့ကြိုးစားရင်းအပြင်မှာ တကယ်ဖြစ်သွားတာတွေလည်းရှိတယ် ။ ဒါကြောင့် Dream comes true လို့ခေါ်ကြ တာပေါ့ ။
၉ ။ လူတစ်ယောက်အိပ်ပျော်နေတုန်း အိပ်မက်မက်အောင်အပြင်ကနေ လှုံ့ဆော်ပေးလို့မရပါဘူး ။ ဥပမာ အပြင်ကနေ စကားပြောတာ ကတ်ဆက်နဲ့အသံဖွင့်ပြတာ ၊ ရေနဲ့ပက်ဖျန်းပေးတာ စတဲ့ ပြုလုပ်ချက်တွေက အိပ်ရာ က နိုးစေတာကလွဲလို့ အိပ်မက်မက်စေဖို့ ဘယ်လိုမှ မစွမ်းဆောင်နိုင်ပါဘူး ။
၁၀ ။ အိပ်မက်မက်ခြင်းဟာ အနာဂါတ်အတွက် ရှေ့ပြေးနိမိတ်အဖြစ်ယူဆခြင်းနဲ့ပတ်သတ်လို့ လူအများစုက အိပ်မက်ထဲကအကြောင်းအရာတွေကိုရေးမှတ်ပြီး နောင်တကယ်ဖြစ်မဖြစ် လေ့လာကြတဲ့အခါ အချို့လည်းဖြစ်တာရှိသလို အချို့လည်း ဘယ်လိုမှ ဆက်စပ်လို့မရတာတွေလည်းရှိပါတယ် ။ ဆေးပညာရပ်ထက်စာရင် တခြား ပညာရပ်တွေနဲ့အများကြီး ပိုမိုသက်ဆိုင်ပါတယ် ။
အိပ်မက်မက်ခြင်းဟာ ဆေးပညာရှုထောင့်ကနေကြည့်ရင် ကောင်းတယ်လို့ပြောလို့ရပါတယ် ။ အိပ် မက်ကောင်းကောင်း ဒါမှမဟုတ် ပုံမှန်အကြောင်းအရာတွေကို မက်ခြင်းက စိတ်ကျန်း မာေ၇းကောင်းနေ တယ်ဆိုတာ ပြသနေပါတယ် ။ လူတိုင်းလူတိုင်းအိပ်မက်လှလှကလေးတွေ မက်နိုင်ကြပါစေ ။
သက်တန့်ချို
ကိုယ့်အားနည်းချက်ကို မှန်ကန်စွာ အသုံးချတတ်ပါစေ
ဟိုးတခါတုန်းက အိမ်လေးတစ်အိမ်မှာ တောင်ယာလုပ်တဲ့ လူတစ်ဦးနေထိုင်တယ် ။ အဲဒီလူဟာ သူ့အိမ်လေးနဲ့ အတော်ဝေး တဲ့ ရေကန်ကနေ နေ့စဉ် အိုးလေးနှစ်လုံးကို တံပိုးနဲ့လည်ပင်းမှာ လျှိုလို့ ထမ်းပြီး ရေဖြည့်ရပါတယ် ။ ဒါပေမယ့် အိုကလေး ၂ လုံးမှာ တစ်လုံးက အက်ရာလေးတစ်ခုရှိတယ် ။ အဲဒီအက် ရာလေးကြောင့် တောင်ယာသမားဟာ ရေထမ်းတဲ့အခါ အဲဒီအိုးမှာ အပြန်ကျရင်ရေတစ်ဝက်လောက်ပဲ ပါပါလာ တယ် ။ တစ်ဝက်လောက်တော့ အက်ရာကနေတဆင့်အောက်ကို ကျပြီးကျန်ခဲ့တာပေါ့ ။
ဒီလိုနဲ့ ၂ နှစ်လောက် ကြာတဲ့အခါမှာ တောင်ယာသမားဟာ ရေသွားခပ်တဲ့လမ်းတလျှောက်ပွင့်နေတဲ့ပန်းတွေ ကို ခူးပြီးအိမ်ကို ပြန်လာတယ် ။ ပြီးတော့ ဘုရားပန်းအိုးမှာ ကပ်ပြီးတချို့ကိုလည်းအိမ်က ပန်းအိုးမှာ ထိုးစိုက် ထားပါတယ် ။ အက်ကွဲနေတဲ့အိုးကလေးကတော့ တခြားကောင်းတဲ့အိုးထက်စာရင် မျက်နှာငယ်နေရရှာတာပေါ့ ။ အိုးကောင်းကလေးတော့ နေ့စဉ်ရေအပြည့်သယ်ပေးနိုင်တဲ့အတွက် မျက်နှာကိုမော်နေရောပဲ ။ တစ်နေ့တော့ အက်ကွဲရာနဲ့အိုးကလေးက သူ့သခင်ကိုပြောပါတယ် ။
“ ကျွန်တော် စိတ်ပျက်ဝမ်းနည်းမိပါတယ် ခင်ဗျာ ဘာကြောင့်လည်းဆိုတော့ ကျွန်တော်ခင်ဗျား အတွက်နေ့ စဉ်ရေ တစ်ဝက်ပဲ သယ်ပေးနိုင်တယ် အိုးကောင်းကလေးလို အပြည့်သယ် မပေးနိုင်တဲ့ အတွက်လည်း ရှက်မိပါတယ် ” အဲဒီအခါ တောင်ယာသမားက ပြုံးလိုက်တယ် ။ ပြီးတော့ မှ အက်ရာတွေ နဲ့အိုး ကလေး ကိုပြောတယ် ။
“ ဒီမယ်အိုးကလေးရဲ့ မင်းသတိထားမိရဲ့လား ငါတို့အပြန်လမ်းမှာ ပန်းကလေးတွေအများကြီး ပွင့်နေတာကိုလေ ငါတောင် ပန်းလေးတွေခူးပြီးဘုရားပန်းကပ်တယ် ပန်းအိုးမှာလည်းအလှဆင်နိုင်တယ် အဲဒီပန်းခင်းလေးက မင်းရှိတဲ့ ဖက်မှာ ပေါက်နေတာလေကွဲ့ တခြားအိုးကောင်းလေးဖက်မှာ မရှိဘူး ဘာကြောင့်လည်းဆိုတော့ မင်းမှာ အက်ရာလေးတွေရှိတယ်ဆိုတာ ငါသတိထားမိပြီးလမ်းမှာ ရေတွေ ယိုစိမ့်ကျခဲ့တယ်ဆိုတာ သိလိုက်တဲ့အချိန်မှာ လွန်ခဲ့တဲ့ နှစ်နှစ်ကစလို့ မင်းရှိတဲ့ဖက်မှာ ငါ ပန်းမျိုးစေ့လေးတွေကျဲထားခဲ့တယ် ။ အပြန်ရေ ထမ်းပြီးပြန် လာခဲ့တအခါ မင်းရဲ့အက်ကွဲရာလေးကနေတဆင့်ယိုစိမ့်ကျလာတဲ့ရေတွေက အခုလို ပန်းမျိုးစေ့လေးတွေကို ပက်ဖျန်းပေးနိုင်တဲ့အတွက် အရမ်းလှပတဲ့ပန်းခင်းကြီးဖြစ်လာတာပေါ့ကွ ။ မင်းဟာ အားနည်းချက်တွေ ရှိတယ်ဆို တာမှန်ပါတယ် ။ ဒါပေမယ့်အဲဒီအားနည်းချက်ကို သင့်တော်တဲ့နေရာမှာ အကျိုးရှိရှိအသုံးချနိုင်တဲ့အတွက် မင်းဟာ အရမ်းတန်ဖိုးရှိတဲ့အိုးကလေးတစ်လုံးပါပဲ ”
#############################
ကျွန်တော့်မှာလည်း အိုးကလေးရဲ့အက်ရာတွေလို အားနည်းချက်တွေရှိပါတယ် ။ ခင်ဗျားမှာလည်း အားနည်း ချက်တွေ ရှိပါတယ် ။ လူတိုင်းမှာ ကိုယ်စီကိုယ်စီ အက်ရာ တွေ ဒါဏ်ရာတွေနဲ့အား နည်းချက်တွေ ရှိကြပါလိမ့်မယ် ။ ကိုယ့်ရဲ့အားနည်းချက်ဟာ တကယ်တော့ရှက်ရွံ့စရာမဟုတ်ပဲ မှန်ကန်သင့်တော် တဲ့နည်းလမ်း နဲ့ကုစားဖို့ သာလိုအပ်ပါတယ် ။ ကဲ အခုဆိုရင် - - -
ကိုယ့်အားနည်းချက်ကိုကိုယ်ရှက်ရွံ့ပြီး ဘ၀မှာ သိမ်ငယ်စွာနေမလား ?
ကိုယ့်အားနည်းချက်ကို အကောင်းဆုံး အသုံးချ လို့စိတ်ဓါတ်ခွန်အား အဖြစ်ဘ၀ အောင် မြင် အောင်ကြိုး
စားမ လား ?
သင့်အပေါ်မူတည်ပါတယ် ။
သက်တန့်ချို
(Two pots and flowers အားဘာသာပြန်သည်
ဘီလ်ဂိတ်နှင့်စားပွဲထိုး
တစ်ခါတုန်းက ဘီလ်ဂိတ်က စားသောက်ဆိုင်တစ်ခုမှာရှိနေတယ် ။ စားသောက်ပြီးတဲ့အခါ စားပွဲထိုး ကို ဘောက်ဆူးအဖြစ်ဒေါ်လာ ငါးကျပ်ပေးလိုက်တယ် ။ စားပွဲထိုးမျက်နှာ မှာ ဘောက်ဆူး ရတဲ့အခါထူး ဆန်းတဲ့ အရိပ်အယောင်တွေပြောင်းလဲသွားတယ် ။
ဘီလ်ဂိတ်က နားလည်လိုက်ပြီးမေးလိုက်တယ် ။
“ ဘာဖြစ်လို့လဲ ”
စားပွဲထိုး လေး ကပြန်ဖြေတယ် ။
“ ကျွန်တော်အံ့သြလို့ပါ စားပွဲတစ်ခုထဲမှာပဲ ခင်ဗျားသားက ကျွန်တော့်ကို ဒေါ်လာ ငါးရာ ဘောက်ဆူးပေးခဲ့တယ် အခုခင်းဗျားကသူ့အဖေလေ တစ်ကမ္ဘာလုံးမှာ အချမ်းသာဆုံးလူ ခင်ဗျားက ဒေါ်လာ ငါးကျပ်ပဲပေးတယ် ”
ဘီလ်ဂိတ်ကပြုံးလိုက်ပြီး အဓိပ္ပါယ်များစွာပါတဲ့ စကားနဲ့ပြန်ပြောလိုက်တယ် ။
“ သူက ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်တဲ့ငါ့ရဲ့သားပါ ငါကတော့ သစ်ခုတ်သမားရဲ့သားပါ ” တဲ့ ။
###################
ကိုယ့်ရဲ့ အတိတ် ကိုယ့်ရဲ့ဘ၀ဆိုတာ ဘယ်တော့မှမမေ့ပစ်ရဘူး ။ ကိုယ်ဘယ်အခြေအနေပဲရောက်နေနေ ကိုယ်ဖြတ် သန်းခဲ့တဲ့ ဘ၀ကိုမေ့ပြီးအောက်ခြေလွတ်တဲ့လူတန်းစားမဖြစ်အောင်နေဖို့လိုတယ် ။
သက်တန့်ချို
ဇနီးသည်လေးဦး
အရမ်းကိုချမ်းသာတဲ့ ကုန်သည်ကြီးတစ်ဦးဆီမှာ ဇနီးလေးယောက်ရှိပါတယ် ။ ကုန်သည်ကြီးက စတုထ္ထမြောက် ဇနီးကိုအချစ်ဆုံးပဲ ဒါကြောင့်သူ့ရဲ့အဖိုးထိုက်တန်တဲ့ဝတ်ရုံကို ဆင်မြန်းစေပြီး သိမ်မွေ့နူးညံ့စွာ ပဲဆက်ဆံ တယ် ။ ကုန်သည်ကြီးက ဒီ ၄ ယောက်မြောက်ဇနီးကို အရမ်းဂရုစိုက်ပြီး ဘာမှတော့မပေးဘူး ဒါပေမယ့်ပေး မယ်ဆို ရင်လည်း အကောင်းဆုံးကိုပေးလေ့ရှိတယ် ။
ကုန်သည်ကြီးဟာ တတိယမြောက်ဇနီးကိုလည်း လွန်စွာ ချစ်မြတ်နိုးတယ် ။ သူမကို ပိုင်ဆိုင်ရခြင်း အတွက် အမြဲ ဂုဏ်ယူလေ့ရှိပြီး သူ့သူငယ်ချင်းတွေကိုလည်း တတိယမြောက်ဇနီးလေးကိုကြွားလေ့ရှိတယ် ။ ကုန်သည်ကြီးက ဒီဇနီးလေး တခြားယောင်္ကျားတွေနဲ့ ထွက်ပြေးသွားမှာကိုလည်း အရမ်းကြောက်လန့်နေခဲ့တယ် ။
ဒါ့အပြင်ကုန်သည်ကြီးဟာ ဒုတိယမြောက်ဇနီးကိုလည်း ချစ်မြတ်နိုးပါတယ် ။ သူမဟာ အရ်ကိုးစဉ်းစားတွေးခေါ် တတ်တယ် စိတ်လည်းရှည်ပြီး ကုန်သည်ကြီးရဲ့ လူယုံတစ်ယောက်လည်းဖြစ်ပါတယ် ။ ကုန်သည်ကြီးအနေနဲ့ ခက်ခဲတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ရပြီဆိုရင် ဒုတိယဇနီးဆီကိုသွားပြီး အကူအညီတောင်းခံလေ့ရှိတယ် ။ ဒုတိယ ဇနီးက ကုန်သည်ကြီးကို ကူညီပြီး ပြဿနာတွေကို ကူညီဖြေရှင်းပေးလေ့ရှိတယ် ။
ကုန်သည်ကြီးရဲ့ ပထမဆုံးဇနီးကတော့ တော်ဝင်အမျိုးအနွယ်ဖြစ်ပြီး ကုန်သည်ကြီးရဲ့ ဥစ္စာဓနတွေနဲ့အိမ်ကြီးကို ထိမ်းသိမ်းစောင့်ရှောက်ရတယ် ။ ဒါပေမယ့်လည်း ကုန်သည်ကြီးက ပထမဇနီးကိုတော့မချစ်ပါဘူး ။ သူမက သူ့ကို နက်ရှိုင်းစွာ ချစ်ပေမယ့်လည်း ကုန်သည်ကြီးကတော့ အမြဲပဲ ဆူညံစွာ ကြမ်းတမ်းစွာ ဆက်ဆံလေ့ရှိတယ် ။
တစ်နေ့မှာ ကုန်သည်ကြီးနေမကောင်းဖြစ်တယ် ။ နေမကောင်းတာဟာ တဖြည်းဖြည်း အဲဒီရက်ကစလို့ ရှည်ကြာ လာတယ် ။ မကြာခင်သူသေဆုံးတော့မယ်ဆိုတာကိုလည်း သူ့ကိုယ်သူသိနေခဲ့တယ် ။ ကုန်သည်ကြီးက သူ့ဘ၀ သူပြန် စဉ်းစားပြီး တွေးနေတယ် ။ “ ငါ့မှာ ငါနဲ့အတူနေတဲ့ဇနီးလေးယောက်ရှိတယ် ဒါပေမယ့် ငါသေတဲ့ အခါ ငါတစ်ယောက်တည်းနေရတော့မယ် ဘယ်လောက်တောင် အထီးကျန်လိုက်သလဲ !! ”
ဒါကြောင့် သူက စတုထ္ထမြောက်ဇနီးကိုမေးတယ် ။ “ ငါမင်းကိုအချစ်ဆုံးပါပဲ မင်းကို အသစ်လွင် ဆုံးအ၀တ် အစားတွေပေးဝတ်ခဲ့တယ် အထူးပဲကြင်နာဂရုစိုက်ခဲ့တယ် အခုငါ သေရတော့မယ် မင်းငါနဲ့တမလွန်ကို အတူ အဖော်အဖြစ် လိုက်ခဲ့နိုင်မလား ” “ ဟင့်အင်း ” စတုထ္ထမြောက်ဇနီးက တစ်ခွန်းထဲဖြေပြီး ဘာစကား မှမပြောတော့ပဲလှည့်ထွက်သွားခဲ့တယ် ။
သူမအဖြေက ကုန်သည်ကြီးရဲ့နှလုံးသားကို ဓါးနဲ့လှီးခွဲလိုက်သလို နာကျင်ခဲ့ရတယ် ။ ၀မ်းနည်း သွားတဲ့ကုန် သည်ကြီးက တတိယဇနီးကိုမေးတယ် ။ “ ဇနီးအားလုံးထဲမှာ ငါမင်းကိုအချစ်ခဲ့ဆုံးပါပဲ အခုငါသေတော့ မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင်မလား ” တတိယဇနီးကပြန်ဖြေတယ် “ ဒီမှာနေရတဲ့ ဘ၀ကပိုကောင်းပါတယ် ရှင်သေသွားပြီးရင်ကျွန်မမှာ နောက်အိမ်ထောင်ပြုဖို့ရှိသေးတယ် ” အဖြေကိုကြား လိုက်ရတဲ့အခါ ကုန်သည်ကြီးရဲ့ နှလုံးသားဟာ နာကျင်သွားပြီးအေးစက်သွားတယ် ။
ပြီးတော့ ဒုတိယဇနီးကိုသူဆက်မေးတယ် ။ “ ငါအကူအညီလိုတဲ့အခါတိုင်းမင်းဆီကိုလာခဲ့တယ် မင်းဟာ အမြဲငါ့ပြဿနာတွေ ကိုကူညီဖြေရှင်းပေးခဲ့တယ် အခု ငါသေရတော့မယ် မင်းငါနဲ့အတူ အဖော်အဖြစ်တမလွန်ကို လိုက်ခဲ့နိုင် မလားဟင် ” “ စိတ်မကောင်းပါဘူးရှင် ဒီတစ်ကြိမ်တော့ကျွန်မရှင့်ကို မကူညီနိုင်တော့ပါဘူး အလွန်ဆုံးရှင့် ကို စိတ်အားတက်အောင်ပဲ ကျွန်မကူညီပေးနိုင်ပါ့မယ် ” အဖြေစကားက မိုးကြိုးပစ်ချလိုက် သလိုပါပဲ ကုန်သည်ကြီးဟာ တုန်လှုပ်ခြောက်ခြားသွားခဲ့တယ် ပြီးအစာရေစာလည်းမ၀င်တော့ဘူး ။
အဲဒီအချိန်မှာပဲ အသံတစ်သံထွက်လာတယ် ။ “ ကျွန်မရှင်နဲ့အတူလိုက်ခဲ့မယ် ရှင်ဘယ်ကိုသွား သွားဘာတွေ ပဲဖြစ်ဖြစ်ကျွန်မရှင်နဲ့လိုက်ခဲ့ပါ့မယ် ”ကုန်သည်ကြီးက လှည့်ကြည့်လိုက်တဲ့အခါ သူ့ရဲ့ပထမဆုံး ဇနီးဖြစ်လို့နေ တယ် ။ သူမက ကလည်းပိန်ကပ်နေတယ် အစာရေစာချို့တဲ့နေသလိုပါပဲ ။ အံသြစွာနဲ့ကုန် သည်ကြီး ကပြော ခဲ့တယ် ။ “ ငါအသက်ရှင်စဉ်မှာ မင်းကို ငါ ဒီထက်ပိုပြီး ဂရုစိုက်သွားတော့မယ် ”
###########################
တကယ်တော့ ကျွန်တော်တို့ ဘ၀တွေမှာ ဇနီးလေးယောက်စီရှိပါတယ် ။
၁ ။ စတုထ္ထဇနီးကတော့ ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ပါ ။ ခန္ဓာကိုယ်ကိုဘ ယ်လိုပဲကောင်းအောင် လှအောင် တောက် ပနေအောင်ပြုပြင်ဖန်တီးနေပေမယ့်လည်း ကျွန်တော်တို့သေဆုံးတဲ့အခါစွန့်ခွာခဲ့ရမှာပါပဲ ။
၂ ။ တတိယဇနီးကတော့ ကျွန်တော်တို့ ပိုင်ဆိုင်မှုစည်းစိမ်တွေပါ ။ ကျွန်တော်တို့သေတဲ့အခါ အဲဒီစည်း စိမ်တွေကလည်းတခြားလူတွေနဲ့အတူပါသွားလိမ့်မယ် ။
၃ ။ ဒုတိယဇနီးကတော့ ကျွန်တော်တို့မိသားစုနဲ့ သူငယ်ချင်းတွေပါ ။ ကျွန်တော်တို့ ဘယ်လောက် ပဲရင်းနှီး တယ်ပြောပြော ကျွန်တော်တို့အသက်ရှင်နေစဉ်မှာပဲ ဖြစ်နိုင်ပါလိမ့်မယ် ။ သူတို့က အသက်ရှင်နေစဉ်မှာ ရဲရင့်အောင် စိတ်အားတက်ကြွအောင်ပဲဆောင်ရွက်ပေးနိုင်ပါလိမ့်မယ် ။
၎ ။ ပထမဆုံးဇနီးကတော့ ကျွန်တော်တို့ရဲ့စိတ်အတွင်းသဏ္ဍန်ပါပဲ ။ ကျွန်တော်တို့တကယ်ပိုင်ဆိုင်တဲ့အရာပေါ့ အရာဝထ္ထုပစ္စည်းစည်းစိမ်တွေ နဲ့ အာရုံငါးပါးနောက်ကျွန်တော်တို့ ကောက်ကောက်ပါအောင် လိုက်ပြီး စိတ်ရင်းသဏ္ဍန်ကို လစ်လျှူရှုထားပေမယ့်လည်း ကျွန်တော်တို့ စိတ်တွင်းသဏ္ဍာန် ကတော့ကျွန်တော် တို့နဲ့အမြဲအတူရှိနေမှာဖြစ်ပြီး ကျွန်တော်တို့ဘယ်ကိုသွားသွားဘာတွေပဲဖြစ်ဖြစ် အတူလိုက်ပါနေမှာဖြစ်ပါတယ် ။
သက်တန့်ချို
The 4 wives အားဘာသာပြန်ခံစားသည် ။
အမေနေ့ အမှတ်တရ အတွေးစုများ -
အမေနေ့ အမှတ်တရ အတွေးစုများ - ၁၃.၅.၂၀၁၂
ဒီနေ့ မနက်ကတည်းက အမေနေ့ အတွက် တစ်ခုခုရေးမယ်လို့ စဉ်းစားထားပေမယ့် မရေးဖြစ်ခဲ့ဘူး ။ အခုမှ ကွန်နက်ရှင်လေးရတုန်း အမေနေ့အတွက် တွေးမိတာလေးတွေ ရေးတင်ပေးလိုက်ပါတယ်။
၁ ။ သားသမီးတွေဟာ အချိန်တန်လူလားမြောက် အတောင်အလက်တွေစုံလင်ရင် အမေ့ရင်ခွင် စုံကန်ပြီး ထွက် သွားကြပေမယ့် ရင်မနာနိုင်ပဲ သားသမီးအတွက် ခလုတ်မထိဆူးမညိပါစေနဲ့ ဆုတောင်းပေးသူဟာ အမေပါ ။
၂ ။ ဖ၀ါးလက်နှစ်လုံးပခုံးလက်နှစ်သစ်အရွယ်ကတည်းက ကျွေးမွေးပြုစုစောင့်ရှောက်လာခဲ့ပေမယ့် အိုမင်းသွား တဲ့အ ခါ ငါ့ကိုပြန်ပြီး ကျွေးမွေးပြုစုစောင့်ရှောက်ကြပါလို့ မပြောရက်သူဟာ အမေပါ ။
၃ ။ လိမ္မာတဲ့ သားသမီးတွေထက် ဆိုးမိုက်တဲ့သားသမီးတွေကိုပိုချစ်တယ်ဆိုတာ တကယ်တော့မှားယွင်းပါတယ် ။ သားသမီးအပေါ်အမေထားတဲ့မေတ္တာဟာ ဘယ်သူ့ကိုပိုတယ် ဘယ်သူ့ကိုလိုတယ်ဆိုတာမရှိပါဘူး ။ ဒါပေမယ့် လိမ္မာတဲ့ သားသမီးက လူ့လောကမှာဖြတ်သန်းဖို့ စိတ်ချရပေမယ့် ဆိုးသွမ်းတဲ့ သားသမီး ဘေးမ သီရန်မခ ရအောင် စိုးရိမ်ပူပန်ပေးသူကတော့အမေပါပဲ ။
၎ ။ သားမိုက်သောက်ဖို့အတွက် အရက်ငါးဆယ်ဖိုး ပဲပြုတ်သုတ်ကလေးနဲ့ အမြဲစီမံပေးတတ်ပြီး သားမိုက်မူး ရူးအိပ်ပျော် သွားတဲ့အခါ “ လူကလေးရဲ့အိပ်ချိန်တန်ဗျိုင်းရှေ့ကပြန် ” ဆိုပြီး ချော့သိပ်ပေးတတ်သူဟာလည်း အမေပါ ။
၅ ။ သားသမီးတွေက သာ အမေ့လက်ကို လွှတ်ချခဲ့ကြပြီး တနယ်တကျေး အိမ်ထောင်ရပ်သားကျ ထွက်ခွာ သွားတတ်ကြပေမယ့် အမေကတော့ သားသမီးတွေလက်ကို ဘယ်တော့မှလွှတ်မချဘူး ။
၆ ။ မီးတွင်းထဲမှာ ဆရာဝန်ကမေးတယ် ။ “ မိခင်အသက်နဲ့ကလေးအသက်ဘယ်ဟာယူမလဲ ” ဆိုတဲ့အခါ “ သားလေးအသက်ကိုပဲ ကယ်ပေးပါ ” ဆိုပြီး ကိုယ့်ကိုယ်ကို အသေခံ လို့ မေတ္တာကြီးမားတတတ်သူဟာ အမေပါ ။
၇ ။ ဘယ်လောက်ပဲ စော်ကားစော်ကား မျက်ရည်လေးဝဲလို့ အဆုံးထိ ခွင့်လွှတ်ခြင်းတရားကို ထားရှိနိုင်သူဟာ အမေပါ ။
၈ ။ သားသမီးတွေက ဂုဏ်သရေရှိ လူကြီးလူကောင်းတွေဖြစ် အမေကတော့ဆင်းရဲတွင်းထဲနစ်လို့ - - လမ်းမှာတွေ့ ရင် သားသမီးသိက္ခာ ကျမှာစိုးလို့ သားရေ သမီးရေ လို့မခေါ်ရဲ မျက်ရည်ဝဲ အံကိုကြိတ် တိတ်တိတ် ဆိတ်ဆိတ် ခေါင်းငုံ့နေခဲ့သူဟာ အမေပါ ။
၉ ။ ဘယ်လောက်ကြီးပဲ တစ်နေကုန် ဆင်းရဲ ပင်ပန်းကြီးစွာ ချွေးဒီးဒီကျ ပင်ပန်းနေပေမယ့်လည်း အိပ်ပြန်ရောက် လို့ သားသမီးငယ်ရဲ့ တွတ်တီးတွတ်တာ စကားသံလေးကြားရင် အမောပြေလို့ အပြုံးတွေဝေတတ်သူဟာ အမေပါ ။
၁၀ ။ လိုအပ်ရင်သားသမီးအတွက် မျက်လုံး ၊ ကျောက်ကပ် ၊ အသည်း စတဲ့ကိုယ်တွင်းကလီစာတွေသာမက သား သမီးကောင်းစားဖို့အရေး အသက်ကိုပါ ပေးမှဖြစ်မယ်ဆိုရင် နောက်မဆုတ်ပဲ ပေးဆပ်ဝံ့သူဟာ အမေပါ ။
သားသမီးများအားလုံး အမေနေ့မှာသာမကပဲ ကျန်တဲ့နေ့ရက်တွေအ ကုန်လုံးရဲ့ နေ့ရက်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်း မှာလည်း အမေ့ ကို မစော်ကားမိကြပါစေနဲ့ ။ အမေဟာ ကျွန်တော်တို့ကို ရွေးချယ်ခဲ့တာမဟုတ်သလို ကျွန်တော်တို့ကလည်းအမေ့ကိုရွေးချယ်ခဲ့ကြတာမဟုတ်ဘူး ။ သားအမိ သမီးအမိဆိုတဲ့ တော်စပ်ဖို့ ကံတရား ပါလာကြလို့သာ သံယောဇဉ်ကြိုးကြီးမားစွာနဲ့ အမေ့ကို ပိုင်ဆိုင်ခွင့်ရခြင်းဖြစ်တယ် ။
အသက်ရှိစဉ်မှာ အမေ့ကို နွေးထွေးစွာဆက်ဆံကြပါ ။ အမေလိုချင်တာ သင့်ရဲ့ ငွေကြေးမဟုတ်ဘူး သင့်ရဲ့ ရာထူးမ ဟုတ်ဘူး သင်ဝယ်ပေးတဲ့ ရုပ်မြင်သံကြားစက် မဟုတ်ဘူး ။ အမေလိုချင်တာ သင့်ရဲ့နွေးထွေးတဲ့ သားသမီးပီ သတဲ့ အပြုအမူလေးတစ်ခုပါပဲ ။ သင်ပေးတဲ့ ငွေးတစ်သိန်းထက် အမေ့ကိုသား ချစ်တယ်ဆို တဲ့စကားလေးနဲ့ ရင်ခွင်ကိုခေါင်းဝှေ့ကြည့်ကြစမ်းပါ ။အမေ ဘယ်လောက်ပျော်မြူးနေရှာမလဲ ။ ။
အသက်သေသွားမှ ငိုယို လို့ တမ်းတပြီး ပန်းစည်းတွေ သွားထားနေမယ့်အစား အသက်ရှိစဉ်မှာ အမေ့ ကို ခြေဆုပ်လက်နယ်ပြုစုလို့ အမေ့ကို ချော့သိပ်ဖို့ ကြိုးစားကြပါ ။ အမေစားချင်တဲ့အရာလေးတွေ ကျွေးလို့ အမေသွားချင်တဲ့နေရာလေးတွေပို့ပေးကြပါ ။ အမေငိုခဲ့ရတဲ့ မျက်ရည်တွေကို သားသမီးရဲ့ အပြုံးတစ်ပွင့်နဲ့ ပယ်ဖျက်ပေးနိုင်အောင်ကြိုးစားကြပါတယ် ။ ။
(သားသမီးများအားလုံးကိုယ်စား - - `သက်တန့်ချို