အားလုံး၇ွင်လန်းချမ်းမြေ့ကြပါစေ

Blogger templates

လာလည်သူငယ်ချင်းများနဲ့မိတ်ဆွေများချမ်းသာကိုယ်စိတ်မြဲကြပါစေ
လာလည်သူငယ်ချင်းမျာနှလုံးစိတ်ဝမ်းအေးချမ်းကြပါစေ......

Sunday 14 September 2014

လုယက်သူများကြောင့် ဓားဒဏ်ရာရခဲ့ပြီး

မော်ရိုကိုနိုင်ငံရှိ မိဘမဲ့ ဂေဟာတစ်ဦးတွင် စေတနာ့ဝန်ထမ်းလာရောက်လုပ်ကိုင်နေသည့် အသက် ၂၂ နှစ်အရွယ် နော်မီဂရင်းဆလိတ်ဆိုသူ မိန်းကလေးသည် လုယက်သူများကြောင့် ဓားဒဏ်ရာရခဲ့ပြီး မိမိအသက်သေနိုင်ကြောင်း စိုးရိမ်ခဲ့သော်လည်း ဆေးရုံအရောက်တွင် သူငယ်ချင်းများနှင့် Selfie ပုံ ရိုက်ယူခဲ့သည်။




ဂရင်းဆလိတ်သည် မာရာကက်ရှ်မြို့ရှိ လမ်းမတစ်ခုပေါ်တွင် လုယက်သူများက သူမ၏လက်ဆွဲအိတ် အား တောင်းခဲ့ရာ မရသောကြောင့် ဓားဖြင့် ရင်ဘတ်နေရာကို ထိုးလိုက်သော်လည်း သူမက နောက် သို့ ခုန်ဆုတ်လိုက်သောကြောင့် ခြေထောက်တွင် အကျယ် နှစ်လက်မ၊ အရှည် ၁၂ လက်မခန့် ဓားဒဏ်ရာ ရရှိသွားခဲ့သည်။

အဆိုပါဒဏ်ရာကြောင့် မိမိအသက်သေမည်ကို စိုးရိမ်သွားသော်လည်း ဆေးရုံသို့ အရေးပေါ်လူနာတင် ကားဖြင့် ရောက်ရှိသွားခဲ့သည်။ ထိုအချိန်တွင် သူငယ်ချင်းများ ရောက်ရှိလာချိန်တွင် အမှတ်တရ Selfie ပုံ ရိုက်ခဲ့ကြခြင်းဖြစ်သည်။



သူမ၏ လက်ကိုင်အိတ်ထဲတွင် မိတ်ကပ်ဗူး၊ လက်ကိုင်ဖုန်းနှင့် ငွေ ၁၃ ပေါင်သာ ပါခဲ့ပြီး လုယက်ခံရစဉ်က မိမိတို့သည် အရက်သောက်ထားခြင်းမရှိကြောင်း ဂရင်းဆလိတ်က ပြောကြား သည်။

“ကျွန်မအနေနဲ့ လူမှုဝန်ထမ်းအလုပ်ကို မစွန့်လွှတ်ပါဘူး။ ဒါပေမယ့် မော်ရိုကို မှာတော့ ထပ်မနေချင်တော့ပါဘူး” ဟု ဂရင်းဆလိတ်က ပြောကြားသည်။



Ref:Daily Mail
From: Mizzima

www.mmdailystar.com

0 comments:

Post a Comment